ဝေ့ရင်း နောက်ကို စောင်းကြည့်စောင်းကြည့်နှင့်သာ
ခရီးနှင်နေမိသည်။သူရောက်နေတာ ဘယ်နေရာလဲတောင် သူမသိပါ။
ခဏကြာတော့ လှိုင်းသံတ၀ုန်းဝုန်းနှင့်
လေအေးအေးတွေကြောင့်
ဝေ့ရင်း မြင်းပေါ်ကနေ အပြုံးလေး တစ်ခု
ဖြစ်လာရသည်။နည်းနည်း အမြင့်ကနေတောင် ဒီလောက်လှတာ
အမြင့်ကြီးကသာဆို...။အတွေးနဲ့တင် မြင်းပေါ်မှာဆိုတဲ့အသိက
ပျောက်သွားရကာ ဝေ့ရင်းမြင်းပေါ်မှခုန်ဆင်းလိုက်မိသည်။လေထဲမှာပင် နောင်တရသွားရတဲ့အထိ
မြင်းကြီးက မြင့်သည်လေ။အောက်က သောင်ပြင်နဲ့ ညားပြီ ထင်ထားသော်လည်း
သူ့တစ်ကိုယ်လုံးက ရင်ခွင်နွေးနွေးတစ်ခုထဲပစ်ကျသွားသည်။"အဲ့လို လက်လွတ်စပါယ်ဆင်းရလား..!"
ဝေ့ရင်း အရှင့်သားမျက်နှာကို
မရဲတရဲမော့ကြည့်မိသည်။ထူးခြားသည်က ရင်ဘတ်ထဲက အကောင်က
ခုန်ပေါက်နေပြီး အရင်လို
သူ့တစ်ကိုယ်လုံး တုန်ယင်နေခြင်းမရှိ။ချောမွေ့နေသော အရှင့်သားမျက်နှာကိုသာ
ဝေ့ရင်း ရီဝေစွာကြည့်မိသည်။နေရောင်အောက်က အရှင့်သားက
သူ့ရင်ဘတ်ကို ပိုမို တုန်လှုပ်စေတယ်။နန်းတော်ထဲက အရှင့်သားလို မဟုတ်ဘဲ။
"ဆင်းဖို့ မစဉ်းစားဘူးလား....!"
ထိုအခါမှ ဝေ့ရင်းလည်း မျက်နှာလေးရဲကာ
ဝမ့်ကျီး ရင်ခွင်ထဲကနေ ဆင်းလိုက်ပြီး
လက်လေးတွေကို အကြောင်းမဲ့ ပွတ်သပ်ကာ
မရဲတရဲလေး လှမ်းကြည့်ရင်း"အရှင့်သား ပြောတဲ့ နေရာက
ဒီနေရာလား...!""အင်း...မင်း ပင်လယ်ကို သဘောကျမယ်ထင်လို့..!"
ပင်လယ်ကြီးကိုကြည့်ပြီး ခပ်ရေးရေးပြုံးကာ
ပြောနေသည့် အရှင့်သားကို ဝေ့ရင်း
ငေးပြီးရင်းသာ ငေးနေမိသည်။"ကြိုက်တယ်မလား...!"
ဝေ့ရင်းယုန်သွားလေးပေါ်သည်ထိ ပြုံးပြကာ
ခေါင်းငြိမ့်ပြလိုက်သည့်မြင်ကွင်းလေးကို
ဝမ့်ကျီး ငေးမောမိစေသည်။
ESTÁS LEYENDO
The King's Lover{Completed}
Romanceမင်းကြီးကျွန်တော့်ကိုမရှာခဲ့ပါဘူး...... မယုံကြည်ရဲပေမဲ့.............. မင်းကြီးပေးတဲ့ဆွေပြန့်ဓားလေးရယ် မင်းကြီးမွေးထားတဲ့ ယုန်လေးတွေရယ် ပိုင်ရှင်ဝေးနေတဲ့နှလုံးသားလေးရယ်က မင်းကြီးကိုစောင့်နေခဲ့တာ....။ ဝေ့၀ူရှန့်😘😘