နန်းဆောင်အတွင်း ဟိုပြေးဒီပြေးနှင့်
အလုပ်ရူပ်နေသော စားတော်ဆောင်မှ
လူတွေကြောင့် ဝေ့ရင်း လိုက်ကြည့်နေမိသည်။"အ..!"
ရုတ်တရက် ၀င်တိုက်လိုက်သော
အရှိန်ကြောင့် ဝေ့ရင်းဘာမှ မဖြစ်ပေမဲ့
လာတိုက်တဲ့သူကတော့ ခွေခွေလေး။"အဆင်ပြေရဲ့လားဗျ..!"
ကိုယ်မမှားပေမဲ့ နစ်နာသူက သူမလို့
ဝေ့ရင်း လှမ်းဆွဲထူရင်းမေးလိုက်သည်။ကြည့်လိုက်တော့ မိန်းကလေးဖြစ်နေတာကြောင့်
ဝေ့ရင်းကိုင်ထားသော သူမလက်မောင်းကို
လွှတ်ကာ"တောင်းပန်ပါတယ်။ကျွန်တော်က မိန်းကလေးမှန်းမသိလို့။!"
သူမ က ပြန်ပြုံးပြပြီး
"ရပါတယ်။ကျွန်မ ကအလျင်လိုနေလို့။!"
ပြောနေရင်းပြန့်ကျဲသွားသော ခရမ်းချဉ်သီးများကို
ကောက်ထည့်နေသည့်သူမကြောင့်"ကျွန်တော် ထည့်ပေးမယ်နော်..!"
"ဟုတ်..ကျေးဇူးပါ..!"
"ကျွန်တော် လိုက်ပို့ပေးပါ့မယ်။မိန်းကလေးက စားချက်ဆောင်ကလား..!"
"ဟုတ်....အကိုကရော..!"
"အကိုက အိမ်ရှေ့စံ အလုပ်အကျွေးပါ။
ယွမ်အိမ်တော်က စားတော်ကဲကြီးသားပါ..!""ဟုတ်လား..!ဒါဆို ဟင်းကောင်းကောင်း
ချက်တတ်မှာပေါ့နော်..!"ကောင်မလေးစကားကို သူခေါင်းကုတ်ကာ
ရယ်လိုက်သည်။"ဘာမှမချက်တတ်ဘုးပြောရင်
ယုံမလားမသိဘူး။ပါးက ဘာမှမသင်ပေးသွားဘူးလေ။!"သူ့စကားကိုကောင်မလေးက ပြုံးကာ
"ကိုယ်စိတ်ဝင်စားရာပဲပေါ့။တစ်နေ့နေ့တော့
ဖြစ်ချင်တာတွေဖြစ်လာမှာပါ။။!""အင်း.ဆုတောင်းရတာပဲ။စားချက်ဆောင်လဲရောက်ပြီ။
ဒါနဲ့ အကို့နာမည်က ဝေ့ရင်းပါ။
ညီမနာမည်ကရော..!"
STAI LEGGENDO
The King's Lover{Completed}
Storie d'amoreမင်းကြီးကျွန်တော့်ကိုမရှာခဲ့ပါဘူး...... မယုံကြည်ရဲပေမဲ့.............. မင်းကြီးပေးတဲ့ဆွေပြန့်ဓားလေးရယ် မင်းကြီးမွေးထားတဲ့ ယုန်လေးတွေရယ် ပိုင်ရှင်ဝေးနေတဲ့နှလုံးသားလေးရယ်က မင်းကြီးကိုစောင့်နေခဲ့တာ....။ ဝေ့၀ူရှန့်😘😘