Part 23

9.5K 1K 75
                                    

"မြင်းပေါ်တတ်..!"

အနောက်ဘက်က
မြင်းဇောင်းတန်းခေါ်လာပြီး
မြင်းဖြူကြီးတစ်ကောင်ကို
ထုတ်ကာပြောလိုက်သည်မို့
ဝေ့ရင်းပြူးကြောင်ကြောင်လေးနှင့်ပြန်ကြည့်ကာ

"ကျွန်တော်မျိုးကိုစီးခိုင်းတာလား..!"

"အင်း..!"

"အာ..အရှင့်သားစီးပါ။
ကျွန်တော်မစီးရဲဘူး။
စီးလည်း မစီးဘူးခဲ့ဘူးထင်တယ်..!"

"ကိုယ်စီးဖူးလား မစီးဖူးလားတောင်
မသိတဲ့ လူလားမင်းက။
ကြည့်ရတာ ကျပ်မပြည့်သလိုပဲ..!"

ရှန်းဖန်စလိုက်တော့ နှုတ်ခမ်းလေးထော်လာကာ

"ကျွန်တော် ငယ်ငယ်က...!"

"အရှင့်သား..ထွက်လို့ရပါပြီ...!"

မြင်း ထိန်းကြီးအသံကြောင့်
ဝေ့ရင်း ပြောမဲ့စကားတွေ
ပျောက်ရှကာ ရှန်းဖန်ကိုကြည့်ရင်း

"မင်းသားက ဘယ်သွားမို့လဲ..!"

"လိုက်ခဲ့။သိလိမ့်မယ်။..!"

"ကျွန်တော်လိုက်ရမှာလား။
မဖြစ်ဘူးနဲ့တူတယ်။
ကျွန်တော် လန်ဝမ့်ကျီး အဆောင်
သွားရအုံးမှာ။
အတော်ကြာ်နေပြီ...!"

"မင်းမကြောက်လို့ ငါ့နောက်
လိုက်လာသေးတာပဲဟာ။
အခုမှ ဘာတွေ လန့်နေတာလဲ...!"

ရှန်းဖန်ပြောတော့ခေါင်လေး
အောက်ငုံ့သွားသည့်ဝေ့ရင်း။

"ကျွန်တော် မလိုက်ချင်ဘူး။
တောင်းပန်ပါတယ် အရှင့်သား..!"

လှည့်ထွက်ရန်ပြင်လိုက်သည့်ဝေ့ရင်း
လက်ကနေ ဆွဲလှည့်ခံလိုက်ပြီး
သတိရလို့ကြည့်လိုက်တော့
သူ့ခါးမှ ကိုင်ကာ မြင်းပေါ်
ပစ်တင်လိုက်သည့်ရှန်းဖန်။

သူပါ မြင်းပေါ်တတ်ပြီး
မြင်းဇာတ်ကြိုးကို ဆွဲလိုက်တော့
ဝေ့ရင်းကိုယ်လေးက
ရှန်းဖန်ရင်ဘတ်ထဲမှာ နစ်မြုပ်နေသည်။

"မင်းသား။ကျွန်တော်
ဘေးတစောင်းကြီး ပြုတ်ကျလိမ့်မယ်။!"

"စိတ်မပူနဲ့..!!"

ပြောပြီး ခါးကို ရစ်သိုင်းလာသည့်
ရှန်းဖန် လက်တွေကြောင့်
ဝေရင်း ကြောက်လန့်တကြားနှင့်

The King's Lover{Completed}Where stories live. Discover now