Part 32

8.8K 934 22
                                    

"ဝေ့ရင်း...မနက်ဖြန် မင်းသားငယ်ရဲ့
နှစ်ပတ်လည်လေ။
မင်း သိထားလား..!"

ခေါင်းဆောင်စကားကို ဝေ့ရင်းပြုံးပြကာ

"ဟုတ်...သိထားပါတယ်..!"

"အင်း...မင်းသိရင်လည်းပြီးတာပါပဲ။
ငါက ဒီတိုင်းပြောပြလိုက်တာပါ..!"

"ခေါင်းဆောင်...ခေါင်းဆောင်ရော
အဲ့မင်းသားလေးကို မြင်ဖူးလား.!"

"မြင်ဖူးတယ်။ငါ ၁၈နှစ်သားလောက်က
နန်းတော်ရောက်တာလေ။
ဒါပေမဲ့ ငါရောက်ပြီး တစ်ခါနှစ်ခါလောက်ပဲ
အဝေးကနေမြင်ဖူးခဲ့တာ။
အဲ့တာကြောင့် မျက်နှာလေးကို
သေချာတော့မမှတ်မိဘူး။..!"

"မင်းသားလေးက ဘာလို့သေတာလဲဟင်။!"

ခေါင်းဆောင် ဖြေးညှင်းစွာခေါင်းရမ်းပြရင်း

"ချောက်ထဲ ပြုတ်ကျသွားခဲ့တာ။
ညဉ့်အမဲ လိုက်ရင်း..!"

ဝေ့ရင်း ဆက်မမေးတော့ဘဲ
ငြိမ်နေခဲ့လိုက်သည်။

မင်းသားလေးအခန်းထဲ ရောက်သွားတုန်းက
သူမြင်ခဲ့တဲ့ ပုံရိပ်တွေက အဲ့လိုမှမဟုတ်တာ။

"ဝေ့ရင်း..!"

ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည့်
နောက်ကခေါ်သံကြောင့်
သူရော အလုပ်ကျွေးပါ မတ်တပ်ရပ်ပြီးသား။

"ဘာလုပ်နေတာလဲ..!!"

ဝမ့်ကျီးကြည့်ရတာ လွှတ်တော်က
ပြန်လာသည်ထင်သည်။

နောက်မှာ ပေါက်ပေါက် ညီအစ်ကိုနှစ်ယောက်
ပါလာသည်လေ။

"အော် ...ဝေ့ရင်း။
မင်း ငါ့ကဗျာတွေ နားထောင်ပေးခဲ့တဲ့
တစ်ယောက်မလား။
ငါမင်းကို လိုက်ရှာသေးတယ်။
ဘယ်တွေသွားနေတာလဲ..!"

ဟိုက်ဆန်းစကားကြောင့်
ဝေ့ရင်း ပြုံးသာပြလိုက်သည်။

ကိုက ပတ်ပြေးနေခဲ့တဲ့ သူကိုး။

"ဟွန့်...အရိုင်းစိုင်းလေး။
ငါ့ကို ကျန်းကောလို့ ခေါ်သွားတဲ့တစ်ယောက်။
အဲ့နေ့က စိတ်ကြည်နေခဲ့လို့
အခုလို သက်တောင့်သက်သာဖြစ်နေတာ..!"

အရေးထဲ သူ့အာဏာလာပြနေသေးသော
ကျန်းမင်းသားကြောင့်
ဝေ့ရင်း သွားလေးပဲ ဖြဲပြနိုင်ပြန်သည်။

The King's Lover{Completed}Where stories live. Discover now