Part 44

19.8K 1.2K 112
                                    

"သခင်လေး ...စိတ်မရွှင်လို့လား.!"

အစေခံလေးအမေးကိုယွမ်လင်း
ခေါင်းရမ်းပြရင်း ပို့ရမဲ့ပိတ်အုပ်တွေကိုသာ
စစ်ဆေးနေမိသည်။

လူကသာ ဒီမှာ။
စိတ်ကတော့ ချစ်ရသူနားမှာ
တ၀ဲလည်လည်နှင့်။

သူ့ရင်ခွင်ထဲက ကောင်မလေး။

ဘယ်သူလဲသိချင်ပေမဲ့ ယွမ်လင်း
မသိရဲပါ။ချစ်လျက်နဲ့ထားခဲ့ရတဲ့သူလောက်
နာကျင်တာ မရှိဘူးထင်ပါရဲ့။

မုန်းလို့လည်း မဖြစ်...
မေ့လိုလဲမရနှင့် သူသာစိုးမိုးနေသည်။

"သခင်လေး ...သခင်လေး..!"

အလောတကြီးပြေးလာတဲ့ အစေခံကြောင့်
ယွမ်လင်းအတွေးတွေလွင့်ပျယ်သွားခဲ့ရသည်

"ဘာဖြစ်လာတာလဲ...!"

"ဟိုတစ်ခေါက်က မင်နိုင်ငံက မှာတဲ့
ပိုးသားပိတ်အုပ် အနီတွေပြန်ရောက်လာပါတယ်။
ပြီးတော့ စာလည်းပေးလိုက်တယ်။
ငွေသားတော့ ပြန်မတောင်းသွားပါဘူး။
အရေးကြီးတယ်ထင်လို့ အပြေးလာခဲ့ရတာပါ..!"

အစေခံလေးကမ်းပေးတဲ့ စာအိတ်လေးကို
ယွမ်လင်း အလျင်အမြန်ဆွဲယူပြီး
ဖွင့်ဖတ်လိုက်တော့

ယွမ်လေး

ကို အ ရာအားလုံးအတွက်
ယွမ်လေးကို တောင်းပန်ခဲ့ပါတယ်.....

ယွမ်လေးရဲ့ ပါးကိုမုန်းတီးစိတ်နဲ့
အပိုင်သိမ်းခဲ့တယ်ဆိုတာ ကို့ရင်ထဲမှာ
ယွမ်လေးက နေရာယူပြီးသား
မိုလို့ပါ။

ကို့နှလုံးသားရဲ့ သူခိုးလေးက
ယွမ်အိမ်သားမှန်းသိခဲ့ရတုန်းက ကို
အရမ်းပူလောင်ခဲ့ရတာ။

ယွမ်လေးထင်သလို ကိုက
လူယုတ်မာပါ။

ယွမ်လေး ထွက်ပြေးသွားခဲ့တုန်းက
ကိုမြေလှန်ရှာခဲ့ပေမဲ့
ကုန်သည်တစ်ဦးအကူညီကြောင့်
ကို ယွမ်လေးကို ရှာတွေ့ခဲ့ရတာ။

ယွမ်လေး ကို့ကိုထားခဲ့ပေမဲ့
လွမ်းနေရှာမှာ ဆိုပြီး
ကိုတစ်ယောက်တည်းရူးသေးတယ်။

The King's Lover{Completed}Where stories live. Discover now