Part 37

9.6K 920 33
                                    

"၀မ့်ကျီး.......!"

မယ်မယ် ရှေ့ကမြင်ကွင်းကြောင့်
ထိတ်လန့်စွာ အော်လိုက်မိသည်။

တည်ငြိမ်စွာရပ်နေသည့် လန်ဝမ့်ကျီးနှင့်အတူ
ကုတင်ပေါ်မှာ ဖြူလျော့စွာ လဲလျောင်းနေသော
ကောင်လေးတစ်ယောက်။

"၀မ့်ကျီး....မင်းဒါဘာလုပ်လိုက်တာလဲ..!"

"သားတော် သူ့ကို လက်ဆက်မှာပါ..!"

မယ်မယ် ၀မ့်ကျီးဆီအပြေးသွားပြီး
ဝတ်ရုံစကိုဆွဲကာ

"မင်းရူးနေလား...မင်းကို ဘုရင်
အဖြစ်တင်မြှောက်လိုက်တာ ဒီလို
ရူးနှမ်းနှမ်းတွေ လုပ်နေဖို့မဟုတ်ဘူး..!"

"သားတော်မရူးပါဘူး။ကိုယ့်တာဝန်
ကိုယ်ယုတာပါ။အဲ့တာ မယ်တော်
သင်ပေးခဲ့တာပဲလေ..!"

"ဒါက အဓိပ္ပါယ်မှမရှိတာ။
ပြီးတော့သူက ယောင်္ကျားလေးလေ။...!"

"သားတော် သူ့ကိုချစ်တယ်....
အဲ့တာနဲ့တင် လုံလောက်ပြီ...!"

စကားလုံးများကြား ပြည့်လျံကျလာသော
သူမမျက်ရည်များ။

မယ်မယ်နာကျင်တယ်မလား။

ဝူရှန့်လေးကိုတောင် မယ်တော်ခွဲခဲ့ပြီးပြီ။
ဝေ့ရင်းကိုတော့ လွှတ်ပေးထားပါတော့ဗျာ။

"မယ်မယ် သဘောမတူဘူးသား....!"

ပြောပြီးထွက်သွားတဲ့ မယ်မယ်ရဲ့
စကားအဓိပ္ပါယ်တွေကို
ဝမ့်ကျီးနားလည်ပါတယ်။

*မယ်မယ့်အပြစ်တွေ ခံယူဖို့
ပြင်ထားပါတော့..*

🐉🐉🐉🐉

"ယွမ်လေး....နောက်၂ရက်လောက်ဆို
လန်နိုင်ငံရဲ့ ကမ်းကိုကပ်တော့မယ်။
ယွမ်လေး ကိုမှာထားတာတွေ
မမေ့နဲ့နော်...!"

ဆံစဖြူဖြူလေးတွေကို
ပွတ်သပ်ရင်း ပင်လယ်ပြင်ကြီးကို
ငေးကြည့်ကာပြောနေသည့်
မင်ထန်းကို ယွမ်လင်းမသိမသာ
ခိုးကြည့်မိသည်။

အရင်လို မကြမ်းတမ်းတော့ဘဲ
နူးနူးညံ့ညံ့ဆက်ဆံခြင်းတွေကြောင့်
နှလုံးသားက သူ့ခြေဖဝါးအောက်မှာ
အတုန်းအရုန်း။

တစ်ခါတစ်လေ ကံကြမ္မာကိုလည်း
မုန်းမိသည်။

ချစ်ရတဲ့လူက ရန်သူဖြစ်နေတာလောက်
ရွေးချယ်စရာမဲ့တဲ့ဘ၀မရှိပေ။

The King's Lover{Completed}Donde viven las historias. Descúbrelo ahora