Part 36

9.6K 931 47
                                    

မကိုဋ်ကြီး တကားကားနဲ့ လျှောက်သွားနေသည့်သူ။

လူတိုင်းက သူ့ရဲ့ ထူးဆန်းတဲ့ အပြုမူတွေကြောင့်
အံ့သြပြီးရင်း အံ့သြနေသည့်
မျက်လုံးများနှင့်သာ ကြည့်နေကြသည်။

သူဒါတွေ ဂရုမစိုက်အား။
ရင်ထဲကလောင်နေတဲ့မီးက
ငြိမ်းလို့ကို မရနိုင်။

"ဝေ့ရင်း...ဘယ်သွားလဲလို့..!"

ညဉ့်လယ်လောက်ရောက်သည်ထိ မတွေ့ရသေးတဲ့
အရိပ်လေးကြောင့် ၀မ့်ကျီးရင်ထဲ
ပူလောင်လျက်။

"မသိပါဘူး အရှင့်သား။
မင်းသား ရှန်းဖန်လည်း ပျောက်နေပါတယ်...!"

"ဘာ...!"

ဝမ့်ကျီးရင်ထဲ အအေးလှိုင်းကြီး
ဖြတ်ပြေးသွားသည်။

သူ မြင်လိုက်ရသည့် အရိပ်လေးက ဝေ့ရင်းမှန်း
သိပေမဲ့ သူ့ရှေ့က အရိပ်ကို
သာမာန် အလုပ်ကျွေးတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ။

"သူတို့ နှစ်ယောက်အတူတူသွားကြတာလား..!"

"မသိပါဘူး အရှင့်သား။
သေချာတာကတော့ ပျောက်တဲ့ အချိန်က
ရှေ့ဆင့်နောက်ဆင့်ပါပဲ...!"

ဝမ့်ကျီး လက်ထဲက ပီချန်ကိုသာ
တင်းနေအောင်ဆုပ်ကိုင်ထားမိသည်။

သေချာတာတော့ ခွေးကောင်
ရှန်းဖန် လက်ချက်။

ဒါပေမဲ့ လက်ခုပ်က တစ်ဖက်တည်း
်တီးလို့မှမမြည်တာ။

*မင်းနဲ့ တော့ရှင်းစရာရှိလာပြီဝေ့ရင်း..*

🐉🐉🐉🐉

"ဝူရှန့်လေး...!"

ပင်လယ်ပြင်ကိုမျက်နှာမူရင်း
စောစောက အိမ်မက်လိုလိုအရာတွေကြောင့်
တွေဝေနေတုန်း နာမ်စားတစ်ခုကြောင့်
ဝေ့ရင်း တစ်ကိုယ်လုံး
တုန်လှုပ်သွားခဲ့ရသည်။

"၀မ်မင်းသား....!"

ဝူရှန့်မြင်လိုက်ရသည့် ရှန်းဖန်၏
မျက်နှာမှာ လက်ထနေသော
မျက်ရည်စီးကြောင်းများ။

မဟုတ်မှလွဲရော....သူအကုန်မြင်သွားခဲ့တာလား။

ကျောက်ဆောင်ကြီးနောက်ကနေ ထွက်လာပြီး
သူ့ရဲ့မျက်ဝန်းမှာ လွမ်းဆွတ်မူတွေ အပြည့်နှင့်။

The King's Lover{Completed}Where stories live. Discover now