"မင်းသား။ဘာဖြစ်လို့လဲ"
ဘေးမှပိုက်ချန်အသံကိုကြားသော်လည်း
ဝမ်ကျီးလှည့်ပင်မကြည့်မိ။ သူ့မျက်လုံးများက
တစ်နေရာတည်းကိုသာစိုက်ကြည့်နေမိသည်။ရင်ထဲကဒေါသလား၊ဘာလားတော့မသိ။
ဒီကလေးသူစိမ်းလူနဲ့ပြုံးနေတာကိုမြင်ရတာ
စိတ်ထဲ မကျေနပ်တာတော့အမှန်။"အော်။ဝေ့၀ူရှန့်ဆိုတာအဲ့မင်းသားလေးလား"
ပိုက်ချန်ကပါသိနေသဖြင့် ၀မ့်ကျီးသူမကို
ပြန်ကြည့်ကာ"မင်းဘယ်လိုသိတာလဲ"
"အစ်ကိုတော်ပြောပြလို့ပါ။အရမ်းချစ်ဖို့ကောင်းတဲ့
အကြောင်းကို အိပ်ဆောင်ထိလာပြောနေတာ။
အစကဒီလောက်ချစ်ဖို့ကောင်းမှန်းမသိခဲ့ဘူး။
အစ်ကိုတော်အပိုပြောနေတယ်ပဲထင်တာ။
အခုကြည့်တော့ ပါးချိုင့်လေးနဲ့ပဲ။ယုန်သွားကြီးကြီးလေး
နဲ့။ချစ်စရာလေး"ပိုက်ချန်ကမိန်းကလေးပီပီဝူရှန့်အလှတွေကို
တစ်ခုချင်းထောက်ပြနေသည်။
သူမထောက်ပြကာမှ ၀မ့်ကျီး
ထိုကလေးလေးအားသေချာကြည့်မိသည်။ပြုံးတာလေးက ၀မ့်ကျီးကိုမှင်သက်သွားစေသည်။
ဒီကလေးစကားများလွန်းလို့ဘယ်တော့မှသူ
မိနစ်ဝက်လောက်တောင်မကြည့်ခဲ့။"ပုဇွန်ကြိုက်လား"
ရှန်းဖန်စကားကိုဝူရှန့်နှုတ်ခမ်းလေး
စူကာခေါင်းရမ်းပြသည်။"ကျွန်တော်ကရေနေသတ္တဝါတွေမစားဘူး"
ဝူရှန့်စကားကိုရှန်းဖန်အံ့သြစွာပြုံးလိုက်မိသည်။
"ဘာလို့မစားတာလဲ။မစားဘူးတာလား။
အရမ်းကောင်းတာလေ""ကောကြိုက်တယ်ပေါ့"
"ကြိုက်တာပေါ့။ဘယ်လောက်တောင်ကောင်းလိုက်လဲ။"
ရှန်းဖန်စကားအဆုံးဝူရှန့်မျက်စောင်းလေးထိုးကာ
တစ်ဖက်လှည့်သွားသည်။
![](https://img.wattpad.com/cover/202629578-288-k430263.jpg)
KAMU SEDANG MEMBACA
The King's Lover{Completed}
Romansaမင်းကြီးကျွန်တော့်ကိုမရှာခဲ့ပါဘူး...... မယုံကြည်ရဲပေမဲ့.............. မင်းကြီးပေးတဲ့ဆွေပြန့်ဓားလေးရယ် မင်းကြီးမွေးထားတဲ့ ယုန်လေးတွေရယ် ပိုင်ရှင်ဝေးနေတဲ့နှလုံးသားလေးရယ်က မင်းကြီးကိုစောင့်နေခဲ့တာ....။ ဝေ့၀ူရှန့်😘😘