Part 12

10.2K 1.1K 103
                                    

"သူ့ကို သမားတော် ဆောင်ကို
ပို့လိုက်"

"မှန်လှပါ"

ပြောပြီးသည်နှင့် တည်ညိမ်စွာ
ထွက်သွားသည့်လန်ဝမ့်ကျီး။

"စစ်သူကြီး!သူ့ကိုစစ်ဆေးဖို့ ရုံးတော်ကို
မနက်ဖြန်တင်သွင်းပါ!"

"အမိန့်တိုင်းပါ အရှင့်သား"

စစ်သူကြီးရင်ထဲမှာတော့ ဆူနာမီလှိုင်းတွေ
ယောက်ယက်ခတ်လျက်။

မယ်တော်ကြီးသာမြင်သွားခဲ့ရ င်ဆိုတဲ့အတွေးက
သူ့အားခြောက်လှန့်နေသည်။

မယ်တော်ကြီးသာ သိသွားခဲ့ရင်
ကောင်လေးအရင် သူသေရမှာ။

သူ့ကိုတစ်ခါတည်းသတ်ခိုင်းလိုက်ပေမဲ့
မသတ်ရက်တာကြောင့်
လက်မောင်းသွေးကိုသာ
ယူခဲ့ပြီး မယ်တော်ကြီးအား ဆက်သခဲ့တာ။

*အရင်က လုပ်ရပ်အတွက်ပြန်ပေးဆပ်ပါ့မယ်အရှင့်သား*

🐉🐉🐉

"မယ်မယ်!ဆေးလေးသောက်ပါအုံး"

အထိန်းတော်တွေဘယ်လိုပင်ချော့မြုတိုက်တိုက်
မယ်မယ်ကတော့ဒီအတိုင်းပင်။

"ငါမသောက်တော့ပါဘူး။
သေလို့ရနေပြီမိုလို့။ဝမ့်ကျီးလေး
ငါ့ဆီလာမှ ငါသောက်မယ်"

တစ်နေ့တစ်ခြားစိမ်းကားလာသော
ဝမ့်ကျီးလေးကြောင့်
မယ်မယ်မှာလည်း
စိတ်ရောဂါလိုဖြစ်နေခဲ့သည်။

တိုင်းရေးပြည်ရေးတွေနှင့်မလာအားတာပါ
ဟုဖြောင်းဖြသော်လည်း
မရ။

"မယ်တော်......!"

တည်ညိမ်သည့်အသံနှင့်အတူရောက်လာသည့်
လန်ဝမ့်ကျီး။

သူရောက်လာသည်နှင့်
ဘေးနားမှအပျိုတော်များလည်းအပြင်သို့
ထွက်သွားကြသည်။

"သား...၀မ့်ကျီး..."

မျက်ရည်များနှင့်ဖြစ်နေသော
သူမကို ၀မ့်ကျီးမော့မကြည့်ခဲ့။

The King's Lover{Completed}Where stories live. Discover now