Part 16

9.7K 992 53
                                    

ခြေလှမ်းတွေ ကဥယျာဉ်ဆီကို
အလိုလိုလှမ်းနေမိသည်။

သူ့အားလန့်နေသည့်ပုံလေးနှင့်ကောင်လေးကြောင့်
စိတ်ထဲမှာ အလိုမကျမှုများစွာ။

ဒါသူ့ပုံစံအမှန် မဟုတ်ဘူးဟုသာစိတ်ထဲထင်နေမိသည်။

"ကျစ်!ငါ ဘာတွေလုပ်နေတာပါလိမ့်။!"

ဥယျာဉ်ထဲ သွားနေသော ခြေလှမ်းတွေကို
ရပ်တန့်ပြီး ပြန့်လှည့်မည်အပြု

အကူညီတောင်းသံစာစာလေးကြောင့်
ဝမ့်ကျီးရင်တစ်ခုလုံးဗြောင်းဆန်သွားသည်။

အသံလာရာကို သွားကြည့်မိတော့
မြေပြင်ပေါ်မှာ မေ့မျောနေသည့်
ကောင်လေး။

ပြေးသွားပြီး အသက်ရူသံကို
စမ်းသပ်ကြည့်တော့ မသေသေးသည်မို့
စိတ်ထဲ သက်သာသွားသည်။

မသင်္ကာစွာဘေးနားကိုကြည့်လိုက်တော့
သူ့အားခိုးကြည့်နေသည့်မျက်လုံးတစ်စုံနှင့်
တိုးသည်။ဝမ့်ကျီးမမြင်ချင်ယောင်ဆောင်ကာ
ဓားကို လေထဲတစ်ချက်ဝေ့လိုက်ပြီး
ရှေ့က ညပြည့်ပန်းတွေအား
အပိုင်းပိုင်းပြတ်စေလိုက်သည်။

သူမုန်းလွန်းလို့ ဒီဘက်ကို
ဘယ်တော့မှမလာခဲ့တာ။
သူချစ်ရတဲ့ ကလေးလေး
သေခဲ့ရတုန်းက ဒီပန်းနဲ့အတူလေ။

အမှတ်တရတွေနဲ့ မနာကျင်ချင်ဘူး။

ဝမ့်ကျီး ရှေ့ကမေ့မျောနေသည့်
ကောင်လေး၏ ကိုယ်လေးအား
ပွေ့ချီလိုက်သည်။

ရင်ခွင်ထဲ အပျော့လိုက်လေးပါလာသော
ကောင်လေး၏မျက်နှာနုနုလေးကို
ဝမ့်ကျီးမှင်သက်စွာ
ငေးကြည့်နေမိသည်။

မျက်နှာဖွေးဖွးလေးက အပြစ်ပြောစရာမရှိအောင်
လှရက်လွန်းသည်။

ကျော့ရှင်းနေသည့် လည်တိုင်ဖွေးဖွေးလေးကို
လှမ်းကြည့်မိချိန်မှာတော့
ဝမ့်ကျီး မျက်လုံးအမြန်လွှဲလိုက်ရသည်။

သူဘာတွေ လုပ်နေမိလဲ မသိတော့ပါ။

*ပြုစားလွန်းတဲ့မင်းကို ငါ့ရဲ့ဝူရှန့်လေး
စိတ်ဆိုးလိမ့်မယ်..!*

🐉🐉🐉

"အရှင့်သား.!"

ဝူရှန့်လေး ကိုယ်ကို ပွေ့ချီလာသည့်
မင်းသားကြောင့် စစ်သူကြီး
မျက်နှာမှာကြောက်လန့်မှုများအထင်းသား။

The King's Lover{Completed}Where stories live. Discover now