Part 20

9.9K 1K 44
                                    

"ရှန်းရှန်း....ဆေးဆရာက ၀ူရှန့်လေးနား
ရောက်နေတယ်။ဘယ်လို လုပ်ရမလဲ....!"

စိုးရိမ်တကြီးပြောနေသည့် ရှောင်မေ့ လက်လေး
များကို ရှန်းရှန်း အသာအယာ ဆုပ်ကိုင်ကာ

"မပူပါနဲ့။ကျွန်တော်မျိုးမ ၀ူရှန့်လေး
နားမှာ ရှိနေမှာပါ။..!"

"ဒါ...ဒါပေမဲ့ မင်းက လူမဟုတ်ဘူးလေ။
အသွင်ပြောင်းရုံနဲ့ လုံခြုံပြီ ထင်နေတာလား..!"

"လုံခြုံတာပေါ့။ရှန်းရှန်းက ၀ူရှနာ့လေးကို
စောင့်ရှောက်ဖို့ပဲဟာ။မင်းသမီးက ဒီကနေ
ဆုတောင်းနေပေး။ပြီးတော့ လူ့ပြည်မှာ
အရဲစွန့်ပြီး နေနေရတဲ့ ရှန်းရှန်းကို
စိတ်ပူရအောင် မလုပ်ပါနဲ့။...!"

"အင်းပါ။ကျေးဇူးပါရှန်းရှန်း..!"

ပြောပြီးရင်ဘတ်ထဲဝင်လာသည့် ရှောင်မေ
ကိုယ်လေးကို ရှန်းရှန်း ဖက်ထားလိုက်သည်။

"တအားကြီး အပင်ပန်းမခံပါနဲ့။မင်းသမီးရယ်!"

🐉🐉🐉

"ထွက်ပြေးတာလား....!"

အသံက တည်ကြည်လွန်းတာမို့ ဝေ့ရင်း
ထွက်ပြေးနေသည့် ခြေထောက်လေးများ ရပ်တန့်သွားခဲ့သည်။

မတွေ့ချင်ပါဘူးဆို တည့်တည့် လာတိုးနေသောအခါ
နောက်လှည့်ကာ ပြုံးပြရင်း

"မဟုတ်ပါဘူး ၀မ်မင်းသား။
ကျွန်တော်မျိုး တာဝန်နောက်ကျနေလို့ပါ။!"

"မင်းရဲ့ဒီနေ့တာဝန်က ငါ့ဆီမှာလေ။
ဘာလဲ။မေ့နေတာလား....!"

ပြောပြီး ရှေ့တိုးလာသည့် ရှန်းဖန်ကြောင့်
ဝေ့ရင်း လက်လေးကာ ကာ
နောက်သို့ ဆုတ်ရင်း

"မ...မဟုတ်ပါဘူး ၀မ်မင်းသား။
အိမ်ရှေ့စံက ခွင့်မပြုသေးလို့ပါ ..!"

"ကောင်းပြီ။သူခွင့်ပြုရင်
မင်း ငါ့နားမှာပဲ နေရမယ်။!"

"ခွင့်မပြုဘူး...!"

တည်ကြည်စွာထွက်လာတဲ့ အဲ့အသံက
ဝေ့ရင်းဒူးလေးများပင် ကွေးညွတ်သွားသည်။

အခု သူအကြောက်ဆုံး အိမ်ရှေ့စံနှစ်ယောက်
ကြားထဲမှာ ရောက်နေတာလေ။

The King's Lover{Completed}Donde viven las historias. Descúbrelo ahora