Zawgyi
ကော်ဖီဆိုရင် သောက်ဖို့မပြောနဲ့ အနံ့တောင်မကြိုက်တဲ့ Kim Tae Hyung ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ထောင့်ကျကျ စားပွဲတစ်ခုမှထိုင်နေတယ်။
အကြောင်းရင်းကတော့ Park Jimin ကောင်းမှုကြောင့်ပဲ။
ဆိုင်ထဲရောက်တော့ Park Jimin မရောက်သေးတာနဲ့ ထောင့်ကျကျ ခုံတစ်ခုမှာသာထိုင်နေလိုက်တယ်။
ရုပ်တည်နဲ့ ဘာမှမမှာဘဲ ဆိုင်ထောင့်မှာထိုင်နေတဲ့ သူ့ကို waiter ကောင်လေးကတော့ ရေတစ်ခွက်လာချပေးပြီး မေးချင်ပေးမယ့် ခေါင်းကုတ်ကာ ပြန်ထွက်သွားတယ်။
အတော်အသင့်လူများတဲ့ဆိုင်လေးက တော်တော်များများဧည့်သည်တွေက မိန်းကလေးတွေပင်။
ဂျာကင်အနက်ရောင် ဂျင်းဘောင်းဘီအနက် ဆံပင်အနီဘုတ်သိုက်နဲ့ ယောက်ျား ပီသတဲ့ သူ့ပုံစံကြောင့် တော်တော်များများရဲ့ အကြည့်တွေကသူ့ဆီမှာပင်။
ကြည့်လာတဲ့ မျက်ဝန်းတွေကို ခပ်စူးစူးဝေ့ကြည့်ပေးလိုက်တော့ အကြည့်တွေကို ဟိုသည်လွှဲကာ ပြန်လှည့်သွားကြသည်။
Tae Hyung နှုတ်ခမ်းကွေးရုံသာ ဟွန့်ခနဲ တစ်လျက်ရယ်လိုက်ပြီး မလာသေးတဲ့ Park Jimin ကိုသာ ဖုန်းထုတ်ပြီး ခေါ်နေလိုက်သည်။
"Mingyu.......''
"လာပြီလား........အမြန်လာကွာ Seok Jin Hyung မရှိတော့ ငါတစ်ယောက်ထဲ.......''
ဆိုင်တံခါးမှ ချလွင်ဆိုတဲ့ အသံလေးနှင့်အတူ ဆိုင်ထဲဝင်လာတဲ့ အသံလေးတစ်သံကြားလိုက်ရလို့ကြည့်လိုက်မိတော့......
မျက်မှန်လေး။
ကျောပိုးအိတ်ကို စားပွဲပေါ်ပစ်တင်ပြီး ဆိုင်အနောက်ခန်းထဲ ပြေးဝင်သွားသည့်အထိ ထိုကောင်လေးကို သူလိုက်ကြည့်နေမိတယ်။