Zawgyiအချစ်ဆိုတာက ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ဒဏ်ရာတစ်ခုလိုမျိုးဆိုရင် သူ့အတွက် အလွမ်းတွေက ရင်ဘက်ထဲမှာအိမ်ဆောက်ပြီးနေလေသလားပင်မသိတော့ဘူး၊ ဆုံးရှုံးသွားမှာကြောက်တဲ့စိတ်တစ်ခုထဲနဲ့ ရူးရူးမိုက်မိုက်ဆုပ်ကိုင်နေမိတာက အတ္တတွေနဲ့ရောထွေးနေတဲ့သူ့ရဲ့ပိုင်ဆိုင်လိုမှုတွေ။
သူ့အချစ်ကိုသန့်စင်တယ် မသန့်စင်ဘူး ပြောလာရအောင် အချစ်ကို ဘယ်လိုသန့်စင်စက်တွေနဲ့သန့်စင်နိုင်မှာတဲ့လဲ၊ ဂရုမစိုက်ခြင်းတွေနဲ့ ရူးရူးမိုက်မိုက်ဆုပ်ကိုင်ထားဖို့ကိုသာ အားသန်နေတဲ့သူက နူးညံ့ခြင်းတွေကိုလည်းအလွယ်တကူမောင်းထုတ်ပစ်တတ်ပါသေးတယ်။
ဒီနေ့သူ Kim Namjoon ဆိုတဲ့လူနဲ့စကားပြောဖို့ ချိန်းဆိုထားတဲ့နေ့၊ ဖုန်းတစ်လုံးကိုကိုင်ပြီး သူ ငေးငေးငိုင်ငိုင်ဖြစ်နေတာကို Jimin ကြည့်နေတာ သူသိပေမယ့် ဘယ်လိုစကားစရမှန်းမသိသေးဘူး၊ Jung Kook ကိုပြန်ရှာတွေ့ပြီဆိုတဲ့အကြောင်း ရှုပ်ထွေးနေတဲ့သူ့စိတ်တွေအတွက်လည်း တိုင်ပင်ရန်အတွက် Jimin ကိုသူ ဖုန်းဆက်ခေါ်လိုက်တာဖြစ်သည်။
"မင်းက Jung Kook ကိုပြန်လိုချင်တာလား.....''
သူခေါင်းညိတ်ပြမိသည်၊ ပြန်လိုချင်တယ်ပြောရအောင် အစကတည်းက Jung Kook က သူ့အပိုင်ပဲမဟုတ်ဘူးလား။
"မင်းကို သူ့ဘက်က ခွင့်လွှတ်နိုင်မယ်လို့ရော မင်းထင်လား.......''
ရင်ဘက်ကို ဆောင့်တွန်းခံလိုက်ရတဲ့စကားတစ်ခွန်း၊ ထိုစကားတစ်ခွန်းကိုသာပြောပြီး Jimin က သူ့ရှေ့ကကော်ဖီခွက်ကိုသာ ခပ်အေးအေးသောက်နေခဲ့တယ်၊ မေးခွန်းလေးတစ်ခုပဲဖြစ်ပေမယ့် အမေးခံလိုက်ရတဲ့သူ့ရင်ထဲ ဒဏ်ရာတွေ ကျန်ရစ်ခဲ့တယ်ဆိုတာကို ကော်ဖီသောက်နေတဲ့ Jimin ကတော့မသိဘူး။
အစွဲလမ်းဆုံးပုံပြင်တွေနဲ့ ကြည်နူးစရာအတိတ်ကာလတစ်ခုမှာ သူနဲ့ Jung Kook ပျော်ရွှင်ခဲ့ဖူးတာကို အားလုံးကသိမှာမဟုတ်ဘူး၊ ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကံကြမ္မာတွေ၊ တေ့ဆိုင်ပြီးတော့မှ ရိုးရိုးလေးလမ်းလွှဲပေးလိုက်တဲ့ အဖြစ်အပျက်တွေ.....