Zawgyi
"နင်ဘာလာလုပ်တာလဲ........''
အသက်ပင် ခုနှစ်ဆယ်ကျော်နေပေမယ့် အဘွားအိုရဲ့မျက်လုံးတွေကစူးရှနေသလို လေသံကလည်း တုန်ခါမှုမရှိ ခပ်မာမာ။
"Omma.......''
"တိတ်စမ်း!! နင်အရှက်မရှိဘူးလား!!.......''
"Omma ရယ် သားလေးကိုတွေ့ချင်လို့ပါ.......''
မျက်ရည်တွေ အရွှဲသားနှင့်ပြောလာတဲ့ Jung Hwar ကိုကြည့်ပြီး အဖွားအိုက မျက်နှာကိုမဲ့သည်။
"Omma ရယ် သားလေးကိုတစ်ကြိမ်လောက်ပဲ တွေ့ချင်လို့ပါ......သမီးကို တွေ့ခွင့်ပေးပါနော်......''
လက်မောင်းကို လာဆုပ်ကိုင်ထားတဲ့ လက်တွေကို အဖွားအိုက ခပ်ဆတ်ဆတ် ဖြုတ်ချလိုက်ရင်းမှ......
"လူမမယ်ကလေးတစ်ယောက်ကို မိခင်စိတ်မရှိဘဲ ပစ်ပစ်ခါခါ ပစ်သွားတာ ဘယ်သူလဲ.....အခုချိန်မှ အရှက်မရှိ ငါ့မြေးကို မြင်ချင်တယ်လို့ ညည်းမို့ပြောထွက်တယ်အေ.....''
အဖွားအိုရဲ့ စကားလုံးတွေက သူမရဲ့ ရင်ဘက်တစ်ခုလုံးကို နင်းချေသွားသည့်နှယ်။
သူမ အဲ့အချိန်တုန်းက မှားခဲ့မိပါတယ်။
ဒါပေမယ့် အရမ်းငယ်သေးတော့ လူမမယ်ကလေးတစ်ယောက်နဲ့ သူမ လောကဒဏ်ကို ရင်မဆိုင်ရဲခဲ့ဘူး။
"Omma ရယ် သမီးမှာခဲ့ပါတယ်.....အဲ့တုန်က သမီးလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိလို့ပါ......''
"သွား!! နင့်မျက်နှာကို ငါမမြင်ချင်ဘူး......ငါ့မြေးနဲ့လည်း ညည်းကိုပေးမတွေ့နိုင်ဘူး.......''
ခပ်ပြတ်ပြတ် အဖွားအိုရဲ့ စကားလုံးတွေအောက်မှာ ထိုအိမ်သေးသေးလေးမှ သူမထွက်လာခဲ့ရသည်။
Jung Hwar ထွက်သွားတော့မှ အဖွားအိုလည်း ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်လို ထိုင်ချမိလိုက်တော့သည်။
သူ့သမီးအရင်းပေမယ့် ခွင့်မလွှတ်နိုင်သေး။
အားလုံးထဲမှာ မြေစာပင် ဖြစ်ခဲ့ရတာက ဘာမှမသိနားမလည်တဲ့ မြေးလေး။