FETTER (EP -19)

2.8K 316 54
                                    

Zawgyi

ပစ္စုပ္ပန်ကိုပဲတည့်တည့်ကြည့်လို့ပြောပေမယ့် Jung Kook က Tae Hyung ကိုပါထည့်ပြီး အနာဂတ်အထိကိုတွေးထားခဲ့ဘူးတယ်၊ မျှော်လင်ချက်ဆိုတာလေးက ရောင်နီတောင်မသန်းလိုက်သေးခင်နေပြန်ဝင်သွားပြီတဲ့လား၊ နာကျင်စရာတွေကို သိမ်းမှတ်မထားချင်ပေမယ့် မှတ်ဥာဏ်ကောင်းလှတဲ့နှလုံးသားက အဲ့ဒါမျိုးတွေဆိုသိပ်အမှတ်သည်းချေရှိတာ။

အခန်းထဲမှာနေရတာမွန်းကြပ်လွန်းတာကြောင့် လသာဆောင်ဘက်ကို Jung Kook လျှောက်လာခဲ့သည်၊ ကောင်းကင်ကကြည်ကြည်လင်လင်ရှိနေပေမယ့် မိုးစက်တွေကတော့ တစ်ဖွဲဖွဲကျနေခဲ့သည်၊ နှောင်ဖွဲ့မှုမရှိတစ်ဖျောက်ဖျောက်ရွာနေတဲ့မိုးစက်တွေက ကြည်လင်နေတဲ့ကောင်းကင်နဲ့အပြိုင်လွတ်လပ်သည်ဟုထင်ရသည်၊ သိုသော်လည်း Jung Kook ရဲ့စိတ်တို့ကမကြည်လင်သည့်အပြင် အတွေးစတို့ကလည်းမလွတ်လပ်။

ဘာရယ်မဟုတ်မိုးစက်တွေကိုသာငေးပြီးမျက်တောင်တဖျပ်ဖျပ်ခတ်​နေမိသည်၊ အဖျားမပျောက်သေးတဲ့ Jung Kook က မိုးရေစက်တွေကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာကာ ဝတ်ထားတဲ့အပေါ်ထပ်အင်္ကျီအပါးလေးကို ခပ်တင်းတင်းစေ့လိုက်မိသည်၊ ခေါင်းထဲမူးနောက်နောက်ဖြစ်လာပေမယ့် အခန်းထဲလည်းမပြန်ချင်သေးတာကြောင့် ထိုနေရာမှာပဲ ရပ်ပြီးတော့သာနေနေမိသည်၊  ငေးချင်ရာငေးနေတဲ့ Jung Kook က လသာဆောင်အစွန်းဘက်ကခုံမှာအိပ်ပျော်နေတဲ့ Tae Hyung ကိုအခုထိမမြင်ဘူး။

"အင်း......."



ကြားလိုက်ရတဲ့အသံကြောင့် Jung Kook ခေါင်းလေးလှည့်သွားတယ်၊ ဘုရားစူးရပါစေရဲ့ သူအခုမှ ခုံပေါ်မှာအိပ်ပျော်နေတဲ့ Tae Hyung ကိုသူမြင်သွားတာဖြစ်သည်၊ အတွေးတွေဘယ်လောက်များလိုက်သလဲနော် Jung Kook လည်း ဒီအိမ်ရောက်လာကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူးထင်ပါရဲ့၊ တွေးချင်ရာတွေးငေးချင်ရာငေးနဲ့ တစ်ခါတစ်လေဆို ကိုယ့်ကိုကိုယ်ဘာလုပ်လို့လုပ်မိနေမှန်းတောင်မသိဘူး။

အိပ်ပျော်နေတဲ့ Tae Hyung ဘေးကို Jung Kook က တဖြည်းဖြည်းကပ်သွားတယ်၊ လက်ပိုက်လျှက်အိပ်ပျော်နေတဲ့ Tae Hyung ပုံစံကအပူအပင်ကင်းကင်းပဲ၊ Jung Kook အိပ်နေတဲ့ Tae Hyung ခုံဘေးမှာထိုင်ချလိုက်ရင်း လွမ်းနေရတဲ့ ချစ်ရသူမျက်နှာကိုတစ်စိမ့်စိမ့်ငေးကြည့်နေမိသည်။

FETTERWhere stories live. Discover now