Zawgyi
ပျော်ရမလား ဝမ်းနည်းရမလား ဝေခွဲမရပေမယ့် Jung Kook အခုအချိန်မှာတော့ ငိုချင်နေတာပဲသိတယ်။
အမေတဲ့လား။
လူမှန်းသိတတ်ကတည်းက အဖေဆိုတာလည်းမသိသလို အမေဆိုတာကိုလည်း ဓာတ်ပုံလေးတောင် မမြင်ဘူးခဲ့သည့်သူ။
ဖွားဖွားကို မေးကြည့်မိတိုင်း စကားလွှဲသွားတတ်တဲ့အတွက် နောက်ပိုင်း Jung Kook မမေးဖြစ်တော့။
ကြာလာတော့ သူမေ့မေ့ပျောက်ပျောက်ပင် ဖြစ်လာခဲ့တယ်။
"သားလေး......''
ခေါ်သံက နူးညံ့လွန်းတာကြောင့် Jung Kook ရင်ထဲ နွေးခနဲပဲ။
"သားလေး မယုံနိုင်သေးဘူးဆိုတာ Omma နားလည်ပါတယ်.....ဒါပေမယ့် Omma အဲ့ဒီအချိန်တုန်းက တကယ် တကယ့်ကို မတတ်သာလွန်းလို့ပါ......''
ရှိုက်သံစွတ်လျှက် အငိုတစ်ဝက်နဲ့ ပြောလာခဲ့တဲ့ သူမရဲ့မျက်နှာမှာ ဝမ်းနည်းမှုတွေ စွန်းထင်နေခဲ့တယ်။
နောင်တတရားရဲ့ အရိပ်အငွေ့တွေကိုတောင် Jung Kook မြင်နေရတယ်။
"Omma လူမဆန်ခဲ့တာပါ......ပစ်ထားခဲ့မိတာ Omma ရဲ့အမှားတွေပါ......Omma ကို ခွင့်လွှတ်ပေးပါနော်......''
Jung Kook ခေါင်းလေးခါမိတယ်။
ဟင့်အင်း မဟုတ်ဘူး။
ဖြစ်ပြီးသမျှတွေက အတိတ်မှာကျန်ခဲ့ပြီပဲ။
သူမကို Jung Kook အပြစ်မတင်ရက်ဘူး။
ဒါတွေဖြစ်ခဲ့တာကို သူ့ကံတရားလို့ပဲ သတ်မှတ်မယ်။
ဆယ့်ခြောက်နှစ်လုံးလုံး မခေါ်ခဲ့ရပေမယ့် အခုဆိုရင် အမေကို ခေါ်လို့ရတဲ့ သူမရှိနေပြီပဲ။
အမေလို့ခေါ်ခွင့်ရနေပြီပဲ။
ဘာကြောင့်များ ခွင့်မလွှတ်ပေးနိုင်ရမှာလဲ။
မျက်ရည်တွေကြားမှ Jung Kook ပြုံးမိတယ်။
ဝမ်းနည်းဝမ်းသာစိတ်ကြောင့် တိမ်တွေတောင်ငိုနေသလိုပင်။