Zawgyi
Jung Kook အခုထိ Tae Hyung ကိုအဖြေမပေးရသေးဘူး။
ဒါပေမယ့် Tae Hyung ကတော့ သူ့အိပ်ပေါ်ရောက်နေပြီး။
သူ့အိမ်သူယာအတိုင်းပဲ။
ညဘက်တွေပင်အိမ်မပြန်တော့ဘဲ Jung Kook စာလုပ်နေချိန်တွေဆို ဘေးနားကနေထိုင်ကြည့်နေတတ်ပြီး ပျင်းလာပြီဆိုရင်လည်း အကြောင်းမရှိအကြောင်းရှာက Jung Kook နှုတ်ခမ်းတွေကို နမ်းတတ်သေးတယ်။
Jung Kook က Tae Hyung အကြောင်းကို ဘာဆိုဘာမှမသိဘူး။
ဆင်းရဲလားချမ်းသာလားလည်းမသိသလို သူ့နာမည် Kim Tae Hyung ဆိုတာလောက်ပဲသိတယ်။
သူ့အပြုအမူတွေလည်း နားလည်ရခတ်တယ်။
ပြီးတော့ Kim Tae Hyung က ထူးဆန်းတယ်။
ချစ်တယ်လို့ သူ့ဘက်က Jung Kook အား ဖွင့်ပြောခဲ့ပေမယ့် Jung Kook ကို သူ့ကိုချစ်လားလို့တစ်ခွန်းမမေးခဲ့ဘူး။
သူအပိုင်သဘောမျိုးနဲ့ အမြဲပြုမူဆက်ဆံတယ်။
တစ်ခါတစ်ခါ အရမ်းနားလည်ရခတ်လွန်းလို့ Jung Kook တောင်ရူးချင်တယ်။
တစ်ခါတစ်လေ ကြောက်လည်းကြောက်မိတယ်။
တစ်ခြာကိစ္စတွေကို Jung Kook ဘာမှမပြောပေမယ့် သူ့ရဲ့နီရဲရဲလှိုင်းတွန့်ဆံပင်ဘုတ်သိုက်တွေကိုတော့ Jung Kook သဘောမကျဘူး။
သဘောမကျဘူးထက်ကြည့်မရတာ။
အဲ့ဆံပင်အောက်က စူးရဲရဲ မျက်လုံးတွေးနဲ့စိုက်ကြည့်ရင် Jung Kook တစ်ခါတစ်ခါ ကြက်သီးတောင်းထမိသည့်အထိ။
Jung Kook မျက်စိရှုပ်တယ်လို့ပြောမိတဲ့နောက်တစ်ရက် Tae Hyung က သူ့ဆံပင်တွေကို ဘီးကုတ်အမဲမျှင်မျှင်လေးနဲ့ ကုတ်ထားတော့တာပဲ။
နဂိုချောနေတဲ့ သူ့မျက်နှာက အဲ့လိုလုပ်လိုက်တော့ ပိုခန့်ပြီးတော့ ဆွဲဆောင်မှုရှိသွားတယ်တောင်ထင်ရတယ်။
ချောနေတဲ့သူများ ဘယ်လိုနေနေကြည့်ကောင်းနေတော့တာပဲ။