Zawgyi
"ဂျိန်း!!....."
မိုးခြိမ်းသံတစ်ချက်မှာတင် ခပ်သေးသေးခန္ဓာကိုယ်လေးက သိမ့်ခနဲပဲ၊ လက်ထဲကကျောပိုးအိတ်ကလေးကိုသာ ပိုတိုးလို့ဖက်ထားမိသည်၊ ကောင်းကင်ကိုမော့ကြည့်တော့ မိုးသားတွေမည်းနက်နေသည်။
"ဝေါ!....."
လေတွေထန်လာပြီး ကောင်းကင်မှာ တိမ်တွေဒလိမ့်ကောက်ကွေးလိမ့်ကျကုန်သည်၊ လျှပ်စီးကြောင်းတွေတစ်ဖျက်ဖျက်လက်နေသည်မှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည်၊ ထိုအခြေအနေကြားမှ တစ်ချက်တစ်ချက်ကြားနေရတဲ့မိုးခြိမ်းသံတွေကြောင့် ကြောက်ရွံမှုတွေကြီးစိုးကာ Jung Kook တစ်ယောက် ကူကယ်ရာမဲ့ဖြစ်လာခဲ့သည်။
"ဂျိန်း!! ...''
အဆက်မပြတ်ကြားနေရနေတဲ့မိုးခြိမ်းသံတွေနဲ့အတူ မကြာခင်ပြိုကျတော့မယ့်ကောင်းကင်ကိုကြည့်ပြီး Jung Kook ငိုချင်လာသည်၊ အသံကမထွက်၊ ဒါပေမယ့် ပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျနေခဲ့သည်။
ခဏအချိန်အတွင်းမှာပဲ တဝေါဝေါတိုက်ခတ်နေတဲ့ လေပြင်းလေကြမ်းများထဲမှာ မိုးစက်မှုန်တွေက ဝေ့မျောပါလာခဲ့သည်၊ အသက်မဲ့သူတစ်ရောက်လို တစ်ဖြည်းဖြည်းပြင်းထန်လာတဲ့ မိုးရေစက်တွေကြားမှာ Jung Kook လမ်းလျှောက်နေတယ်၊ ကျောပိုးအိတ်ကို ဘယ်လက်ကဒရွတ်တိုက်ဆွဲပြီးအသိစိတ်ပျောက်နေသူတစ်ယောက်လိုပဲ။
ညာဘက်လက်ကလေးကိုလည်းဖြန့်ပြီးတော့မိုးရေစက်တွေကို ရောင်ရမ်းဆုပ်ကိုင်မိသေးတယ်၊ ဦးတည်ရာမဲ့ခြေထောက်တွေက ဘယ်အရပ်ကိုဦတည်နေလည်းဆိုတာကို သူကိုယ်တိုင်လည်းမသိ၊ သို့သော်လမ်းလျှောက်နေရင်းက ကြေကြေကွဲကွဲလှိုင်လှိုက်မောမောနှင့် မိုးရေစက်တွေနှင့်အတူရာရာကိုလွှတ်ချလိုက်ချင်ခဲ့သည်။
"ဂျိန်း!!......"
တစ်ဂျိန်းဂျိန်းထစ်ချုန်းနေတဲ့ လျှပ်အလင်းနဲ့ မိုးခြိမ်းသံအောက်မှာ ဆန့်ကျင်ခြင်းနဲ့ ဟက်ဟက်ပက်ပက် Jung Kook ရယ်နေမိတယ်၊ ပတ်ဝန်းကျင်တစ်ခုလုံး Jung Kook ရယ်သံနဲ့ မိုးရေစက်တွေရဲ့ဆူဆူညံညံကြေကွဲသံမှအပ ခပ်မှိုင်းမှိုင်းပန်းချီကားတစ်ချပ်လိုရပ်တည်နေခဲ့သည်၊ သဲသဲမဲမဲရွာချလာသောမိုးရေစိုစွတ်ခြင်းခံနေရတဲ့ သူ့နှလုံးသားတစ်ခုလုံးကလည်း အေးစက်ပြီးထုံကျင်လာခဲ့သည်။