Zawgyi
"သားငယ် ခေါင်းကဘာဖြစ်တာလဲ........''
Jung Hwar. Jung Kook အခန်းထဲကိုဝင်လာတော့ ရေချိုးပြီးပြန်ထွက်လာတဲ့ Jung Kook နဖူးစောင်းကသွေးစို့နေတဲ့ဒဏ်ရာကိုမြင်လိုက်တော့မေးလိုက်တာဖြစ်သည်။
"ရေချိုးရင်းချော်လဲသွားတာ Omma.......''
"သားငယ်ရယ် သတိထားအုံးမှပေါ့....လာ Omma ဆေးလိမ်းပေးမယ်........''
Jung Hwar က ပြာပြာသလဲဖြင့် Jung Kook လက်ကိုဆွဲကာ ကုတင်ပေါ်မှာထိုင်ခိုင်းလိုက်သည်၊ Jung Kook က ဘာတစ်ခွန်းမှမပြောဘဲ သူ့အမေထိုင်ခိုင်းရာမှာငြိမ်ငြိမ်ကလေးထိုင်နေသည်။
"စပ်ရင် Omma ကိုပြောနော်...... ''
Jung Hwar က Jung Kook နဖူးကဒဏ်ရာလေးကိုအရက်ပြန်နဲ့တို့လိုက်တော့ တစ်ချက်တွန့်ခနဲဖြစ်သွားပေမယ့် ဘာမှတော့မပြော၊ နဖူးကဒဏ်ရာထက်ရင်ဘက်ထဲကအစိတ်စိတ်အမွှာမွှာကွဲကြေနေတဲ့ ဒဏ်ရာကပိုပြင်းတယ်ဆိုတာ Jung Kook အသိဆုံး၊ အံကိုကြိတ်ရင်း မျက်ရည်တွေဝေ့တက်လာတာကို အမေဖြစ်သူမသိအောင်ထိန်းနေရသည်မှာလည်း ထင်သလောက်မလွယ်ကူလှပေ။
"အရမ်းနာလို့လားသားငယ်.......''
Jung Kook ပုံစံကိုကြည့်ပြီး Jung Hwar က လှုပ်ရှာနေတာတွေကိုရပ်တန့်ကာမေးလာခဲ့သည်။
"နာတယ် Omma....အရမ်းနာတာပဲ.....အဟင့်.......''
မျက်ရည်တွေဝေ့သီပြီး ပြန်ဖြေလာတဲ့ Jung Kook က သူ့အမေရင်ခွင်ထဲတိုးဝင်ရင်ပြောလာခဲ့သည်။
"ပြီးတော့မယ်နော် ဒီပလာစတာလေးကပ်ပြီးရင်ပြီးပြီ Omma သားလေးကအသဲနုလိုက်တာ........''
နောက်ဆုံးပလာစတာကပ်ပေးပြီး Jung Kook ရဲ့ပါးပြင်ကမျက်ရည်စလေးတွေကိုသုတ်ပေးကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်ရင်း ကျောပြင်လေးကိုပုတ်ပေးနေမိသည်၊ တသိမ့်သိမ့်ရှိုက်နေတဲ့သားငယ်ဟာ ဒဏ်ရာကြောင့် တကယ်ပဲနာနေတာလားတော့မသိ သူမရင်ခွင်ထဲမှာကလေးတစ်ယောက်လိုငိုကြွေးနေခဲ့သည်။
"သားငယ် ဗိုက်ဆာလား အောက်ထပ်မှာ Omma နဲ့တစ်ခုခုသွားစားရအောင်လေ.......''
"ဟင့်အင်း......''
"သားငယ်!......''
သူ့ကို Omma ခေါ်လိုက်တော့ သူမော့ကြည့်မိသည်၊ သူ့နဖူးထက်ကိုလက်ဖဝါးနှင့်ဖွဖွလေးစမ်းတော့ နဂိုဝမ်းနည်းအခံကြောင့် မျက်ရည်တွေကသူ့အလိုလိုထပ်ကျလာခဲ့ပြန်သည်။