Zawgyi
မနက်ခင်း Tae Hyung နိုးလာပေမယ့် သူ့ရင်ခွင်ထဲက Jung Kook ကတော့ အခုထက်ထိနိုးမလာသေး၊ ထိတွေ့နေရတဲ့ ခပ်နွေးနွေးရှိနေသေးတဲ့ ခန္ဓာကိုယ်ကြောင့် အခုထိအဖျားမကျသေးဘူးဆိုတာသိလိုက်သည်။
"ဒေါက် ဒေါက်!......"
"အစ်ကိုလေး.......''
"ဝင်ခဲ့!......."
Tae Hyung စကားသံအဆုံး အခန်းတံခါးကို ခပ်ဖြည်းဖြည်းတွန်းဖွင့်ပြီး လင်ဗန်းတစ်ချပ်နဲ့ဝင်လာတဲ့အဒေါ်ကြီး။
"Jung Kook လေးအတွက်ဆန်ပြုတ်နဲ့ အစ်ကိုလေးအတွက် ကော်ဖီနဲ့မုန့်ပြင်လာခဲ့ပေးတာပါ......''
အဒေါ်ကြီးက Tae Hyung လက်မောင်းပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Jung Kook ကိုတစ်ချက်ခိုးကြည့်ပြီး Tae Hyung ကိုမဝံ့မရဲပြောလာတယ်၊ Tae Hyung က ခေါင်းသာငြိတ်ပြလိုက်ပြီး.....
"စားပွဲပေါ်တင်ခဲ့ ပြီးရင်သွားတော့!......''
Tae Hyung ပြောလိုက်ပေမယ့် ထွက်မသွားသေးတဲ့ အဒေါ်ကြီးကြောင့် မျက်မှောင်ကြုံ့ကာတစ်ချက်ကြည့်လိုက်သည်။
"ဘာကျန်သေးလို့လဲ.......''
"ဟို....နေ့လည်လောက် မေမေကြီးနဲ့ဆရာပြန်ရောက်မယ်တဲ့ အဲ့ဒါ.....Jung Kook လေးကိုပါပြောခိုင်းလို့......''
"ဒါပဲမှတ်လား သူနိုးရင် ကျွန်တော်ပြောလိုက်မယ်.......''
အဒေါ်ကြီးပြန်ထွက်သွားတော့ Tae Hyung Jung Kook ကိုနိုးဖို့ပြင်ရသည်၊ အဖျားလည်းမကျ အစားလည်းမဝင်သေးတာကြောင့် ဒီအတိုင်းဆက်အိပ်နေရင် ပိုဆိုးရုံအပြင်ရှိမှာမဟုတ်၊ ပခုံးကိုခပ်ဖွဖွကိုင်ရင်းလှုပ်နိုးလိုက်တော့ တော်တော်နဲ့နိုးမရဘူး၊ အတန်ကြာလှုပ်နိုးတော့မှ တစ်အိအိနဲ့မျက်လုံးတွေပွင့်လာခဲ့သည်။
"Jung Kook ထအုံး အစာစားပြီးဆေးသောက်ရမယ်.....''
"အင့်.....ဟင်း......''
မျက်လုံးတွေဖွင့်ဖွင့်ချင်း သူ့ကိုမြင်လိုက်တော့ သရဲတွေ့သလို ကုတင်ခေါင်းရင်းဘက်အတင်းကပ်သွားတဲ့ကောင်လေးကြောင့် Tae Hyung ကျစ်ခနဲဖြစ်သွားတယ်၊ ပခုံးကိုကိုင်ဖို့လက်လှမ်းလိုက်တဲ့ Tae Hyung လက်တွေကိုပုတ်ထုတ်ပြီး အနောက်ကိုဆုတ်ရင်း သူ့ခန္ဓာကိုယ်ကို သေးကျုံ့အောင်ဒူးနှစ်ဖက်နဲ့တင်းနေအောင်ပိုက်ထားပြန်တဲ့ကောင်လေး။