Zawgyi
ဆိုင်ထဲဝင်ဝင်ချင်း မြင်တွေ့လိုက်ရတဲ့ မျက်နှာကြောင့် Jung Kook ရင်ထဲ ထိတ်ခနဲပင်။
ဝင်လာကတည်းက သူ့ကိုပင် စူးစိုက်ကြည့်နေတဲ့ အကြည့်စူးစူးတွေကြောင့် ခန္ဓာကိုယ်လေးပင်သေးပြီး ကျုံ့ဝင်သွားသယောင်။
အရင်နေ့က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့် အယောင်ယောင်အမှားမှားနှင့် နှုတ်ခမ်းလေးကိုပင် အုပ်ထားလိုက်မိသည်။
ပါးပြင်နှစ်ဖက်လုံးက ရဲတက်လာသည့်အပြင် နှာရွက်ဖျားတွေပါမကျန်ပေ။
ခပ်သွက်သွက်ဆိုင်အနောက်ဖက်ကို ဝင်လာတော့ Mingyu က သူ့လက်ကို ကောက်ဆွဲပြီး.....
"Jung Kook ဟိုလူရောက်နေပြန်ပြီး......''
Mingyu ဘယ်သူ့ကိုဆိုလိုလဲဆိုတာ Jung Kook ချက်ချင်းသိသည်။
"ငါသတိထားမိနေတာ......ဒီလူက ဆိုင်ရောက်လာတာနဲ့ Latte တစ်ခွက်မှာပြီး မင်းရောက်လာတဲ့အထိစောင့်နေတာ.....မင်းရောက်ရင်လည်း မင်းကိုဘဲ တောက်လျှောက်စိုက်ကြည့်နေပြီး အချိန်တန်ရင် ပြန်ထွက်သွားတာ......ပြီးတော့ နေ့တိုင်း သူမှာတဲ့ ကော်ဖီကို တစ်ခါမှလည်း သောက်မသွားဘူး.......''
Mingyu က စကားအရှည်ကြီး Jung Kook ကို ပြောပေမယ့် Jung Kook မှာ အခုထိ ရင်တုန်တာ မပျောက်သေး။
"မင်းကိုများ သဘောကျနေတာလားမသိဘူးနော်....ချောတော့ချောတယ်....ဒါပေမယ့် သူ့ပုံစံက ကြောက်စရာကြီး......''
ပြောပြီး ပုခုံးကိုကျုံ့ကာ လက်မောင်းတွေကို လက်နဲ့ပွတ်နေတဲ့ Mingyu ကိုကြည့်ပြီး မင်းကြောက်နေတာထက် ငါက ဆယ်ဆပိုကြောက်တယ်လို့ ပြောလိုက်ချင်မိသည်။
"အယ် ဒါနဲ့နေပါအုံး မင်းနှုတ်ခမ်းက ဘာဖြစ်တာလဲ ပေါက်နေတယ်....ဟိုကောင်တွေ အနိုင်ကျင့်ပြန်ပြီလား.......''
ပြောရင်းသူ့နှုတ်ခမ်းကို လာကိုင်တဲ့ Mingyu ရဲ့လက်တွေကို ရှက်ရှက်နှင့် ပုတ်ထုတ်လိုက်ပြီး.....