Zawgyi
အခုဆိုရင် Tae Hyung ရဲ့အဖြစ်က နောင်တတွေကိုပွေ့ပိုက်ရင်းသောကရဲ့လမ်းမှာမတ်တပ်ရပ်နေရတဲ့လူတစ်ယောက်လိုပဲ၊ ကိုယ့်ကိုကိုယ်အမှားကြီးမှားသွားပြီးရယ်လို့သိလိုက်ရတဲ့အချိန်မှာ အခြေအနေတွေကသူ့ဘယ်မှာမရှိတော့ပဲ အားလုံးဟာလွန်မြောက်ကုန်ပြီး၊ နေ့စဉ်နဲ့အမျှ ရင်အလေးခံပြီးထမ်းပိုးထားခဲ့ရတဲ့ ဒဏ်ရာတွေကလည်း သူ့ရင်နဲ့မမျှခဲ့ဘူး။
Jung Hwar သေးဆုံးခဲ့တာဟာ မတော်တဆဆိုတာကိုသိသွားတာကြောင့် သူ့အဖေဖြစ်သူ Kim Han Joon က Tae Hyung ကိုအပြစ်တင်စကားတစ်ခွန်းမှမပြောခဲ့ဘူး၊ ဒါပေမယ့် Tae Hyung မသိသေးတဲ့အမှန်တရားတစ်ချို့ကိုတော့ဖွင့်ချခဲ့တယ်၊ Kim Han Joon ပြောပြတဲ့ အမှန်တရားအားလုံးကိုသိလိုက်ရတဲ့အချိန်မှာ Tae Hyung ရင်ထဲ ကမ္ဘာပြိုတာပဲ။
အဓိကကတော့သူဟာ Kim Han Joon ရဲ့သားအရင်းမဟုတ်ဘူးဆိုတာပဲ၊ ကိုရီးယားရဲ့ထိတ်တန်းသူဌေးတွေဖြစ်ကြတဲ့ သူ့အဖိုးနဲ့အဖွားမှာ ယွန်းဆောင်မီဆိုတဲ့သမီးတစ်ယောက်ရှိခဲ့တယ်၊ အခြေကြီးမာနကြီးတဲ့သမီးက ကျောင်းမှာလည်းနာမည်ကြီးသလို ချွေးမတော်ချင်ကြတဲ့ သားရှင်တွေကြားမှာလည်းနာမည်ကြီးတယ်၊ ထိုအချိန် Kim Han Joon ကတော့ သာမန်အင်ဂျင်နီယာကျောင်းသားလေးတစ်ယောက်၊ မိဘတွေမရှိတော့တဲ့အတွက် အသိမိတ်ဆွေဖြစ်တဲ့ ယွန်းမိသားစုရဲ့ကျောင်းစရိတ်အားလုံးကို ထောက်ပံ့အကူအညီယူထားရတဲ့သူတစ်ယောက်။
အခြေကြီးတဲ့ရွှေမင်းသမီးယွန်းဆောင်မီက အထက်တန်းရှေ့နေတစ်ယောက်နဲ့ချစ်ကြိုးသွယ်ပြီး လက်ထပ်ခါနီးကျမှ ထိုလူက ကားမတော်တဆမှုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့သည်၊ ဒါပေမယ့်အဓိကပြသနာက ယွန်းဆောင်မီမှာထိုလူနဲ့ရခဲ့တဲ့ကိုယ်ဝန်ကျန်ခဲ့တယ်ဆိုတာပဲ၊ ဒီအချိန် ယွန်းသူဌေးလင်မယားက Kim Han Joon ကို ကျေးဇူးတရားတွေနှင့်ချည်နှောင်လေတော့သည်၊ Kim Han Joon မှာကလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ Jung Hwar ရှိပြီးသား၊ ဒါပေမယ့် ကျေးဇူးတရားဆိုတဲ့အချုပ်နှောင်တွေကိုသူမလွန်ဆန်နိုင်ခဲ့ဘူး။
ယွန်းဆောင်မီနဲ့ သူလက်ထပ်ခဲ့ပေမယ့် သူ့ဘက်က အကိုတစ်ယောက်ကညီမကိုစောင့်ရှောက်သလိုသာစောင့်ရှောက်ပေးခဲ့တယ်၊ ဒါပေမယ့် Kim Han Joon ဘက်ကဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ အတ္တကြီးတဲ့ ယွန်းဆောင်မီက သူ့အပေါ်ကိုရှိခဲ့ဖူးတဲ့ကျေးဇူးတရားဆိုတဲ့ ချုပ်နှောင်မှုတွေကြောင့် ခြေနင်းပြားသာသာဆက်ဆံခဲ့တယ်၊ လက်ထပ်ပြီး Tae Hyung ခြောက်နှစ်သားလောက်ရောက်တော့ အိမ်ထောင်ရေးက အက်ကွဲရာတွေများလာခဲ့တယ်၊ တိုက်တိုက်ဆိုင်ဆိုင်အဲ့နေက Tae Hyung ခုနှစ်နှစ်ပြည့်မွေးနေ့၊ Kim Han Joon နဲ့ ယွန်းဆောင်မီတို့ အကြီးအကျယ်စကားများပြီး Kim Han Joon က အိမ်ပေါ်ကဆင်းသွားခဲ့သည်။