FETTER (EP - 20)

2.9K 317 39
                                    

Zawgyi

အပြင်ထွက်သွားတဲ့ Tae Hyung ပြန်လာတဲ့အချိန်မှာ အိမ်ထဲမှာ ပြာယာခတ်နေတဲ့ Jung Hwar ကို အရင်ဆုံးမြင်တွေ့ရသည်၊ အပူသည်ရုပ်ဖြစ်နေတဲ့ Jung Hwar က သူ့ကိုမြင်တော့ချက်ချင်းအနားကိုရောက်လာခဲ့သည်။

"Kim Tae Hyung နင်ငါမရှိတုန်း ငါ့သားကိုဘာလုပ်လိုက်တာလဲ!!......''

လက်ညှိုးငှေါက်ငှေါက်ထိုးကာပြောနေတဲ့ Jung Hwar ပုံစံကအရမ်းလည်းဒေါသထွက်နေသည့်ပုံ၊ Jung Hwar အနေနဲ့အခုအချိန်မှာ တရားခံလို့ထင်စရာလူဟာ Tae Hyung တစ်ယောက်ပဲရှိသည်၊ ဒါတောင်သူမအိမ်ပြန်ရောက်တာ စောတာကိုပဲကံသီတယ်လို့ပြောရမည်၊ အိမ်ရဲ့လသာဆောင်မှာ သတိမေ့ပြီးခွေခွေလေးလဲနေခဲ့တဲ့သားငယ်ဟာ အဝတ်အစားတွေဖရိုဖရဲနှင့် ပါးပြင်မှာလည်းနီရဲပြီးရောင်နေတဲ့လက်ဝါးရာကြီးကအထင်းသား၊ မိခင်တစ်ယောက်ရဲ့ဒေါသနဲ့အတူ ယူကြုံးမရလည်းဖြစ်မိသည်၊  တရားခံကဘယ်သူဆိုတာကို ပြေးကြည့်တာထက်တွေးကြည့်တာကပင်မြန်နေလိမ့်မည်။

"ဟမ်း!! နင်ပြောလေ နင်ငါ့သားကို ဘာလုပ်လိုက်တာလဲ! !......"

ပခုံးကိုသာတွန့်ပြလိုက်တဲ့ Tae Hyung ဟာ မျက်နှာထက်မှာလည်းမထီတစ်ရီအပြုံးကိုချိတ်ဆွဲလို့၊ သူ့ရှေ့က Jung Hwar ရဲ့စိတ်တိုဒေါသထွက်နေတဲ့ပုံစံကိုကြည့်ပြီး Tae Hyung က လက်ခုပ်လက်ဝါးတီးမတတ် ဟက်ဟက်ပက်ပက်ရယ်သည်။

အဟွန်း! ကိုယ့်အလှည့်ကျတော့ဖြစ်နေလိုက်တာများ!!

"နင်...နင် ဘာရယ်တာလဲဟမ်း!!......"

"ဟော့ဗျာ! ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ကိုယ့်ဘာသာရယ်တာတောင် ခင်ဗျားကိုပြောပြနေရအုံးမှာလား.....''

အရယ်မပျက်အရေးမစိုက်တဲ့ Tae Hyung ပုံစံက Jung Hwar ကိုဒေါသချောင်းချောင်းထွက်စေသည်၊ မျက်လုံးချင်းစစ်ခင်း​နေကြတဲ့ သူတို့နှစ်​ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် အ​လျှော့ပေးဖို့ကိုလည်းဆန္ဒမရှိကြ၊ Tae Hyung က ကိုယ်တိုင်ရွေးယူထားတဲ့ မာနနဲ့အတ္တတွေကြားမှာ ပူလောင်တဲ့အဆိပ်တစ်ခွက်ကိုမက်မက်မောမောသောက်သုံနေသူတစ်ယောက်လိုပဲ၊ ပြီးတော့ခံပြင်းဒေါသထွက်ခြင်းဆိုတဲ့ မြားချက်တွေကြားမှာ အခုထိကိုအနာမကျက်နိုင်သေးတဲ့ လတ်လတ်ဆတ်ဆတ်ဒဏ်ရာအသစ်တွေကို အိမ်မက်ဆိုးတစ်ခုလိုထင်တိုင်းကြဲပစ်လိုက်ချင်နေတယ်၊ Jung Hwar ရဲ့ အပူတွေကိုမြင်ရလေ သူ့ရဲ့ခါးသီးမှုတွေကပြန်ရှင်သန်လာလေဖြစ်သည်။

FETTERWhere stories live. Discover now