Zawgyi
"ကောင်လေး အပြင်မှာအေးတယ်လေ.........''
ခြံပြင်ကခုံတန်းဖြူလေးမှာထိုင်နေတဲ့ကောင်လေးဟာ ဖြူဖြူစင်စင်အေးအေးချမ်းချမ်းလေး၊ မိုးရွားထားလို့စိုစိစိဖြစ်နေတဲ့မြေပြင်ကို ဖိနပ်မပါခြေဗလာနဲ့ခြေချထားတဲ့ကောင်လေးကြောင့် သူပိုလို့စိုးရိမ်မိသည်။
"ဖိနပ်စီးထား.......''
မွှေးပွကွင်းထိုးဖိနပ်လေးကိုရှေ့ချကာစီးပေးလိုက်ပြီး ပခုံးလေးကိုပုတ်လိုက်တော့ အပြုံးလှလှကလေးနဲ့ကောင်လေးက သူ့ကိုမော့ကြည့်တယ်၊ ကောင်လေးရဲ့ထိုအပြုံးလှလှကိုကြည့်ပြီး သူ့ရင်ထဲနွေးခနဲကျန်ရစ်တယ်။
"အေးတယ်နော် အိမ်ထဲဝင်ရအောင်.......''
လက်ဟန်ခြေဟန်နဲ့မထချင်သေးဘူးလို့ပြောလာတဲ့ပုံစံလေးကြောင့် ယူလာခဲ့တဲ့စောင်ပါးလေးကိုသာ ကောင်လေးပခုံးပေါ်အသာလွှားပေးလိုက်ရသည်၊ သူလည်းဘေးနားမှာဝင်ထိုင်လိုက်တာကြောင့် ခေါင်းလေးငဲ့ပြီးစောင်းကြည့်လာပုံလေးက အူယားစရာလေး၊ ခေါင်းလုံးလုံး၊ ဆံပင်ပျော့ပျော့လေးတွေက ခေါင်းလျှော်ထားလို့ဖြစ်လိမ့်မည် ရှန်ပူနံ့သင်းသင်းမွှေးမွှေးကလေးကိုရနေတယ်။
ကျစ်! မိုးအေးရတဲ့အထဲဒီကောင်လေးခေါင်းလျှော်ထားပြန်ပြီး။
ဘေးမှာခပ်အေးအေးထိုင်နေတဲ့သူကိုကြည့်ပြီး ကောင်လေးကအတန်ကြာတော့မျက်မှောင်လေးကြုံ့လာတယ်၊ လက်ကနာရီလေးကိုတကြည့်ကြည့်နဲ့တစ်ခုခုကိုမတင်မကျဖြစ်နေသည့်ဟန်၊ အတန်ကြာတော့ သူ့လက်မောင်းကိုကုတ်ပြီးကြည့်လာတဲ့ကောင်လေးကြောင့်.....
"ဘာသိချင်လို့လဲ မေးလေ........''
သူ့လက်မောင်းကိုကုတ်ပြီးသိချင်တာတွေကိုမေးနေပြန်တာကြောင့် ခပ်ပြုံးပြုံးနဲ့ရှင်းပြနေရပြန်ပါတယ်။
"ကိုယ်လား ဒီနေ့အလုပ်မသွားဘူးလေ.......''
"မဟုတ်ပါဘူး ကိုယ့်ခွင့်တစ်ပတ်ယူထားတာ.......''
"ရှိတာပေါ့ မနေ့က ဆေးခန်းကိုတာဝန်ကျတဲ့ဆရာဝန်အသစ်တစ်ယောက်ရောက်တယ် အဲ့ဒါကြောင့် အခုအချိန်ကစပြီး ကိုယ်ကကောင်လေးနားမှာနေလို့ရပြီ.......''