Zawgyi
ှူသူရောက်နေတဲ့ဘုရားကျောင်းထဲမှာ လူသိပ်ရှိမနေဘူး။
ဟိုတစ်စုသည်တစ်စု ဝတ်ပြုဆုတောင်းနေသူအနည်းအကျင်းလောက်ကိုသာ ဘုရားကျောင်းအဝင်အဝကနေ သူလှမ်းမြင်နေရသည်။
တည်ငြိမ်တိတ်ဆိတ်နေတဲ့ ဘုရားကျောင်းတော်ရဲ့တည်ရှိနေမှုကတော့ သူ့စိတ်နှလုံးတွေကိုပါတည်ငြိမ်အေးချမ်းစေတယ်။
မိုးလင်းပိုင်းလေးကမှ အခန်းထဲပြန်ဝင်ပြီး ခဏလေးအိပ်ပျော်သွားတဲ့သူဟာ နိုးလာတော့ဘေးမှာ Jung Kook က ရှိမနေခဲ့။
မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အပြင်ဘက်ထွက်လာကာ ဂေဟာအပြင်ဘက်ကခုံတန်းမှာ ပုံဆွဲစာအုပ်တစ်အုပ်ကိုဆေးခြယ်နေတဲ့ အုန်းသီးလုံးကို Jung Kook ဘယ်သွားလဲမေးရသည်။
အုန်းသီးလုံးလမ်းညွှန်လိုက်တဲ့ ဘုရားကျောင်းလေးက ဂေဟာနဲ့သိပ်တော့မဝေးလှ။
တောင်းစောင်းလေးမှာပင် ငြိမ်းငြိမ်းအေးအေးတည်ရှိနေတာဖြစ်သည်။
ဆုတောင်းတွေကို မယုံတတ်တဲ့သူက ဘာကိုမှ ဆုတောင်းဝတ်ပြုခြင်းကိုပြုမနေဘဲ Jung Kook ကိုမတွေ့တာနှင့် ဘုရားကျောင်းအပြင်ဘက်ကိုသာ ပြန်ထွက်လာခဲ့လိုက်သည်။
ပြန်အထွက်မှာမှ ခပ်လှမ်းလှမ်းတွင်ရပ်နေသော Jung Kook ကိုတွေ့ရသည်။
ဘုရားကျောင်းရဲ့အရှေ့ဘက်ခြမ်းမှ မယ်တော်ရုပ်ထုရဲ့အရှေ့မှာ Jung Kook က ရပ်နေခြင်းပင်။
လေအတိုက်မှာ ရှပ်အဖြူပါးပါးရဲ့ တဖျတ်ဖျတ်လှုပ်ခတ်နေသည့်ပုံက မြင်ရသူအတွက်တစ်စုံတစ်ရာစိတ်လှုပ်ရှားဖွယ်မြင်ကွင်းမျိုးပင်။
Jung Kook နားကိုသူတစ်ဖြည်းဖြည်းလျှောက်သွားပြီး အနောက်ဖက်မှာရပ်လိုက်သည့်တိုင် Jung Kook က သူ့ကိုလှည့်မကြည့်ခဲ့။
"ဖြူလုံး.......''
ခပ်တိုးတိုးသူခေါ်လိုက်တဲ့အဆုံးမှာ လှည့်ကြည့်လိုက်တဲ့ Jung Kook ရဲ့မျက်ဝန်းညိုတွေမှာ ဖြူစင်မှုနဲ့အတူစင်ကြယ်မှုတွေကိုပါအတိုင်းသားသူမြင်နေရသည်။