Penchant
Ep _ 5ကိုရှင်း ကို မြင်တော့ အနည်းငယ် လန့်သွားပြီး အူကြောင်ကြောင်ဖြင့် ငေးကြည့်နေမိသည် ။ အသားရည်တွေ အနည်းငယ် နေလောင်သွားသည်က လွဲလို့ မပြောင်းမလဲ ။
ရှပ်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်နား အထိ ခေါက်ထားပြီး ကြယ်သီးများကို အပြည့်တပ်ထားသည် ။ ဂျူတီကုတ် အဖြူရောင်ကို လက်မှာ ကိုင်ထားပြီး တခြား လက်တစ်ဖက်တွင်တော့ Laptop အိတ်ကို ကိုင်ထားသည် ။
ကျွန်တော်က ဆိုင်တံခါးဝမှာ ငေးကြည့်နေမိတော့ ကိုရှင်းက ပြုံးပြပြီး ဘေးသို့ ကပ်ပေးသည် ။ ကျွန်တော်လည်း ရှက်ပြီး ခပ်မြန်မြန် ပြေးထွက်လာခဲ့သည် ။
"မှိုင်းညှို့သွင် ! ဘာလို့ အဲ့လိုကြီး ရပ်ကြည့်နေတာလဲ သွားပါပြီ ရှက်စရာကြီး"
မျက်နှာတွေ ပူလာလို့ မျက်နှာကို လက်ဖြင့် အုပ်ပြီး လမ်းလျှောက်ရင်း ငရဲနှင့် တည့်တည့်တိုးသည် ။
"နေပါဦး ဒီရုပ်က ဘာဖြစ်လာတာလဲ "
"ဟင် ငရဲ ! "
"ပြောပါဦး ဒီဖြီးနေတဲ့ မျက်နှာကြီး အကြောင်း "
ငရဲပြောတော့မှ ကျွန်တော် ရယ်နေမိမှန်း သိတော့သည် ။ မျက်နှာကို အစွမ်းကုန် ပြန်တည်လိုက်သော်လည်း မရ ။ ရင်ထဲမှာ လှိုက်ပြီး ပျော်လွန်းလို့ မျက်နှာပိုးက သတ်မရ ။
"အဟမ်း ဘာမှမဖြစ်ဘူး "
"ငါရောက်လာပြီးကတည်းက ဒီလောက်ထိ ပြုံးဖြီးနေတာ ဒါပထမဆုံးနော် "
"မင်း စိတ်ထင်လို့ပါ "
"မှိုင်း မင်းဘယ်သူနဲ့ တွေ့လာတာလဲ "
"ငရဲရာ မရစ်နဲ့ ပြန်မယ်လေ နောက်ကျနေပြီ"
"အေးပါ အေးပါ လက်ပူးလက်ကြပ် မိလို့ကတော့နော် ...ဟင်းဟင်း "
ခြိမ်းခြောက်နေသံက ကြောက်စရာကြီး ။
》》》》》》》》》》
"ဒါက ဘယ်လဲ "
"လန့်လိုက်တာ ငရဲရာ "
"Breakfast သွားစားမလို့ "
"ကျောင်း သွားအပ်ရဦးမယ်လေ "
"အေးဆေးပေါ့ အပြန်မှ အပ်မယ် "
![](https://img.wattpad.com/cover/161091837-288-k970933.jpg)