Penchant
Ep _ 18အတန်းထဲ ဝင်တော့ tuto ဖြေနေပြီမို့ အရှေ့ဆုံးတန်း ခုံပေါ်က စာအုပ်တွေထဲ ကျွန်တော့် နာမည် ရှာရသည် ။
"မှိုင်း စာအုပ် ဒီမှာ "
"အေးအေး "
ငရဲ ယူပေးထားတော့ ဆက်ရှာစရာ မလိုတော့ ။ အတန်းထဲကိုလည်းTuto ချိန်လောက်သာ ရောက်တော့သည် ။
"မနက်ဖြန် ကျောင်းသင်္ကြန် လာခဲ့ "
"မလာဘူး "
"ကဲမယ်လေ စကီလေးတွေ အရမ်းလန်းတာနော် "
"ငါ ဘယ်တုန်းက စိတ်ဝင်စားလို့လဲ ငရဲရာ "
နေပူထဲ ရေကစားရမည်ကိုလည်း စိတ်မဝင်စား ။ အဲ့အစား အိမ်မှာ စာအုပ် ထိုင်ဖတ်နေရတာကို ပိုကြိုက်သည် ။ ကျောင်းစာတော့ လုံးဝ မဟုတ် ။
"စာဖြေနေရင် စကားမပြောနဲ့ "
ဆရာမ ပြောတော့မှ ငရဲလည်း ပါးစပ်ပိတ် သွားသည် ။
>>>>>>>>>>>>
"မှိုင်း တော်တော့ ဆက်မသောက်နဲ့တော့ "
"မင်းပဲ မင်းမွေးနေ့မှာ မသောက်လို့ မရဘူးဆို "
"ခွေးကောင်ရဲ့ နည်းနည်းပါးပါး ပြောတာလေ မင်းက အကုန် ထိုင်သောက်နေစရာလား "
"မရဘူး သောက်မှာပဲ "
"မင်း ! ဒါသက်သက် ယုတ်မာတာ ငါ ပိုက်ဆံ မလောက်ရင် မင်းကို ထားခဲ့မှာနော် "
"ရမလား ! ကြိုက်သလောက် မှာ ငါရှင်းမယ် ပြောထားတာ ဘယ်သူလဲ "
"စကား အဖြစ်ပြောတာ တကယ် မှာစရာလား "
"မသိဘူး သောက်မှာပဲ "
မှိုင်း ကို ဒုက္ခပေးချင်လို့ ခေါ်မိတာ မှားပါပြီ ။ သကောင့်သားက လူကို တစ်ခါတည်း မွဲပြီး သေအောင် ကြံစည်နေသည် ။
"ကန်စွန်းရွက်ကြော်နဲ့ ကြက်ကြော် အစပ် တစ်ပွဲစီ ထပ်ပေးပါဦး ပြီးတော့ အာလူးချောင်းကြော် တစ်ပွဲ "
"မှိုင်းညှို့သွင် !!! "
>>>>>>>>>>>>>>>
"ဒေါက် ဒေါက် "
အခန်း တံခါးကို ခပ်ဖြည်းဖြည်း လာခေါက်နေသဖြင့် မကြားချင်ယောင် ဆောင်နေလိုက်သည် ။