8.

1.3K 109 0
                                    

Penchant
Ep _ 8

"ကျွန်တော် အလုပ် လျှောက်ချင်လို့ပါ အစ်ကို "

မျက်လုံးပြူးသွားသော အစ်ကို့ကို ခပ်တည်တည်ဖြင့် ဆက်တိုက် ထပ်ပြောလိုက်သည် ။

"ကျွန်တော် အရင်ကလည်း လုပ်ဖူးပါတယ် အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ် စာရင်းကိုင်လည်း ရပါတယ် ပန်းကန်ဆေးလည်း တော်ပါတယ် ကော်ဖီတို့ အအေးတို့လည်း ရှယ်ဖျော်တတ်ပါတယ် "

"နေ .. နေပါဦး "

"ဟုတ်ကဲ့ "

ရယ်ပြနေသော ထောပတ်သီးလေးက ဒီအလုပ်မှ မရရင် ပြန်မည့်ပုံ မပေါ် ။

"မင်းက ကျောင်းတက်နေတာ မဟုတ်လား ? "

"ဟို ... အတန်းက သိပ်မတက်ဘူး စိတ်ချ final ဆိုတော့ အေးဆေး "

ပြောသာ ပြောလိုက်ရတာ တကယ်တမ်းက Tuto တွေ presentation တွေ အပြည့် ။ ဒီကြားထဲ term paper .... Proposal .... Assignment ....project စုံနေရော ။

ကြည့်ကျက် လုပ်ရတော့မှာပဲ မတတ်နိုင် ... အဓိက က အလုပ်ရဖို့ ။

"လစာက ... "

"ရတယ် အစ်ကို ငွေရေးကြေးရေးက ပြောစရာမလိုပါဘူး ကျွန်တော်က အတွေ့အကြုံ လိုချင်လို့ပါ "

"ဟမ် အင်းပါ "

"ဒါဆို ကျွန်တော့်ကို ခန့်လိုက်ပြီလား "

"CV form တွေ ဘာတွေ မတင်ဘူးလား ထောပတ်သီး ! "

"ဟာဗျာ အစ်ကိုကလည်း သိနေတဲ့ သူတွေပဲကို မလိုပါဘူး ဟဲဟဲ "

"သြော် အေးပါ "

သူက ဆိုင်ရှင်လား ကျွန်တော်က ဆိုင်ရှင်လား မသဲကွဲတော့ ။ ဘယ်လို ကောင်လေးနဲ့ လာတွေ့နေမှန်း မသိ ။

"နာမည်က "

အစ်ကို့ ဆိုင်မှာ ကျွန်တော့် စာအုပ်တွေ ရှိနေတော့ မှိုင်းညှို့သွင် လို့ မပြောချင် ။
သိသွားရင် နေရထိုင်ရ ခက်နေလိမ့်မည် ။ အဲ့လိုမျိုးဆို ရှက်စရာကြီး ကျွန်တော် မနေတတ် ။

"ထောပတ်သီးလေ အစ်ကိုပဲ ခေါ်နေပြီးတော့ "

"မနောက်နဲ့ နာမည် အရင်း မေးတာ "

"အစ်ကို့ နာမည်ကရော "

"ရှင်း "

သိပြီးသား ဆိုပေမယ့် အစ်ကို့ နှုတ်ခမ်းလွှာလေးတွေနဲ့ ကိုယ်တိုင် ပြောတော့ ပိုပြီး နားထောင်လို့ ကောင်းသည် ။

Penchant Donde viven las historias. Descúbrelo ahora