Penchant
Ep _ 15"ကိုရှင်း "
စိုးရိမ်တကြီး ပြေးသွားရင်း ကိုရှင်းကို ခေါ်လိုက်သော်လည်း မော့မကြည့် ။ နင့်နင့်သည်းသည်း ဆက်ငိုနေသဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိ ။
"ကိုရှင်း ! ဘာဖြစ်လို့လဲ ဘာတွေ ဖြစ်နေတာလဲ ဘာလို့ ငိုနေတာလဲ ကျွန်တော့်ကိုပြော "
"သူ ... သူ ကားတိုက်လို့တဲ့ ... ငါက ဆရာဝန်ဖြစ်နေပြီး ... သူ့ကို ... ဒီလိုချိန်မျိုးမှာမှ ... ငါက .. ငါဘာမှ လုပ်နိုင်တာလည်း မရှိ ... ငါ .. ငါ .. စိတ်ပူခွင့်တောင် မရှိတော့ဘူးလား "
ရှိုက်သံရော ... ငိုရင်း ပြတ်တောင်း ပြတ်တောင်းဖြင့် ပြောချင်ရာတွေ ဗလုံးဗထွေး ပြောနေသဖြင့် နားထောင်ရတာ ရှုပ်ထွေးနေသည် ။
အကြမ်းပျင်း နားလည်သလောက်ဆိုရင် ကိုရှင်းရဲ့ တစ်စုံတစ်ယောက်က စိုးရိမ်ရသည့် အခြေအနေ ဖြစ်ဟန်တူသည် ။
"အဆင်ပြေသွားမှာပါ အကုန်လုံး အဆင်ပြေသွားမှာပါ ကိုရှင်းရဲ့ "
"ငါ ... ငါ သူ့ကို မေ့သင့်နေပြီကို ... သူ .. သူ့မှာ သက်ဆိုင်သူ ရှိနေပြီကို ... ငရဲကြီးတော့မှာလား ... ငါ ...ရင်ထဲက နာတယ် "
"ကိုရှင်းရာ ... ကိုရှင်း အဖြစ်ကလည်း "
"သူအဆင်ပြေပါ့မလား ... သူ .. သူသေသွားရင် ဘယ်လိုလုပ်မလဲ ? ငါ .. ငါ ရှင်သန်နေရတာ ... သူမရှိတော့ရင် ... ငါ ရှင်နေလည်း ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး ... သူပျော်နေတယ် ဆိုတဲ့ အသိနဲ့ ငါ အသက်ဆက်ရှင်နေရတာ "
ကိုရှင်း ဆီက ဒီလို စကားတွေ ကြားရတာလည်း ရင်နာစရာ ။ ဘာလို့များ ကိုရှင်းဟာ သူ့ရဲ့ တစ်စုံတစ်ယောက်ကို ရူးရူးမူးမူး ချစ်နေပါလိမ့် ။
"ကိုရှင်း ရူးနေလား ? ချစ်တာက ချစ်ပါ ဒါပေမယ့် တော်ရုံပဲ ကောင်းတယ် "
ခေါင်းကြီးငုံ့ထားသော ကိုရှင်း ဆီက ရှိုက်သံလေးသာ ကြားရသည် ။
"ကိုရှင်း မိဘတွေကို မတွေးတော့ဘူးလား ဟမ် ? ပြီးတော့ အဲ့တစ်ယောက်က သေမှာမို့လား ? သက်ဆိုင်သူ ရှိပြီးသားဆို ဒါဆို သူ့ကို သူ့ရဲ့ သက်ဆိုင်သူက စိတ်ပူပေးလိမ့်မယ် ကိုရှင်းနဲ့ သူက မဆိုင်တော့ဘူး ! ကိုရှင်း ဘဝက ဘာလို့ ရှင်သန်ဖို့ ရည်ရွယ်ချက် ပျောက်နေရတာလဲ ! ကိုရှင်းဗျာ ... ရိုးရိုးလေးပဲ တွေးစမ်းပါ အသည်းကွဲတာကိုတောင် ဖြတ်သန်းပြီးနေပြီပဲ သူ့ဘာသာ သေသေရှင်ရှင်ပေါ့ တော်ရုံပဲ တွေး "
