Penchant
Ep _ 12"မင်းက မှိုင်းညှို့သွင် လား "
"ခင်ဗျာ ! "
အလန့်တကြား ကြည့်နေမိတော့ ကိုရှင်းက ပြုံးပြီး စိုက်ကြည့်နေသည် ။
"ဘယ်လိုလုပ် .... "
တအံ့တသြဖြစ်နေသော ထောပတ်သီး ။
မျက်လုံးတွေက ပြူးကျယ်ပြီး ဝိုင်းစက်နေသည် ။ နှုတ်ခမ်းတွေက ခပ်ဟဟဖြင့် ။" မှိုင်း .... "
"ဗျာ ! "
လက်ထဲက စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး ကိုရှင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည် ။ နောက်မှ ကျွန်တော့်ကို ခပ်တည်တည်ဖြင့် ပြန်ကြည့်သည် ။
"မှိုင်း ကို တွေ့ချင်နေခဲ့တာ ကြာပြီ "
"ကျွန်တော့်ကို ? "
ခုချိန်ထိ ဘာတွေ ဖြစ်ကုန်မှန်း လိုက်မမှီသော ထောပတ်သီးလေးက ဦးနှောက်ကို အတော်လေး အလုပ်ပေးနေပုံ ရသည် ။
ထောပတ်သီးလေး တစ်ယောက် အူကြောင်ကြောင်လေးဖြင့် ပြူးကြည့်နေဆဲ ။
"မင်းမသိတာတွေကို လိုက်တွေးမနေနဲ့ သွား အလုပ်သွားလုပ်တော့ ဟိုမှာ ဧည့်သည်လာနေပြီ "
"ဟမ် "
ကိုရှင်းက ကျွန်တော့် ကိုယ်ကို ဆွဲလှည့် လိုက်ပြီး ပုခုံးပေါ်ကို လက်နှစ်ဖက် တင်ကာ အရှေ့ကို တွန်းပို့လိုက်သည် ။
တကယ်ပင် မှန်တံခါးမှ ကောင်မလေး ၃ ယောက် ဝင်လာနေသည် ။ ကျွန်တော်လည်း အလုပ်ထဲ စိတ်ပြန်ထည့်လိုက်ရသည် ။
"မင်္ဂလာပါ ခင်မျ ... ဘာများ မှာချင်ပါလဲ ခင်မျာ "
ဧည့်သည်တွေ မြင်တာနှင့် အပြုံးချိုချိုဖြင့် ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှု ပေးနေသည့် ထောပတ်သီး ။ ထောပတ်သီးလေးက မြင်ရသူတိုင်း စိတ်ကျေနပ်ပြီး ရင်ထဲမှာ အေးချမ်းမှု တစ်ခုကို ခံစားရစေသည် ။
"နည်းနည်းလေးမှ မပြောင်းလဲပါလား "
>>>>>>>>>>>>>>
ရေဗူးတွေ ဖြည့်ရန် ကြည့်လိုက်တော့ ရေသန့်ဗူးကြီးထဲတွင် ရေက မကျန်တော့ ။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ စားပွဲခုံ အောက်မှာ ရေသန့်ဗူးကြီး တစ်ဗူးက အခန့်သား နေရာယူထားသည် ။ မဖောက်ရသေးသည့် အသစ်စက်စက် ။
