Penchant
Ep _ 2"ဘာအလိုရှိပါသလဲ ခင်ဗျ ဝင်ကြည့်လို့ ရပါတယ် "
ဆိုင်ထဲဝင်လိုက်သည်နှင့် အပြုံးတစ်ခုနှင့် ဆီးကြိုပြီး ချိုသာသော အသံလေးဖြင့် ဖော်ဖော်ရွေရွေ နှုတ်ခွန်းဆက်သည် ။
လှေပေါ်မှာ တွေ့ခဲ့သည့် ကောင်လေးမို့ ပြုံးပြလိုက်သည် ။ရှမ်းအင်္ကျီနှင့် ရှမ်းဘောင်းဘီ ဝတ်ထားပြီး အသားညိုညိုနှင့် အင်းသားလေးသည် ကြည့်ကောင်းသည် ။ မြန်မာ့ရိုးရာ လွယ်အိတ်ကို ဘေးတစ်စောင်း လွယ်ထားပြီး သော့ချိတ်လေး တစ်ခု ချိတ်ထားသည် ။
သော့ချိတ်လေးက လှသည် ... လှလှော်နေသည့် အင်းသားတစ်ယောက် ပုံစံ သစ်သားရုပ်ငယ်လေး တစ်ခု ။
"ဒါလေးက ဘယ်လောက်လဲ "
"အဲ့အင်္ကျီလေးက ၅ထောင်ပါ ခင်ဗျ "
"တောင်ကြီးက ဝယ်လာတာ ၃ထောင်ဘဲ ရှိတယ် "
"အစ်မ လိုချင်ရင် လျော့ပေးမှာပေါ့ဗျ "
"ဟုတ်ပါပြီ "
ကျွန်တော့် သူငယ်ချင်း အုပ်စု မေးသမျှကို ဖော်ဖော်ရွေရွေဖြင့် ဆက်တိုက် ပြန်ဖြေနေသည်မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ။
"ဒီက အစ်ကိုရော မဝယ်တော့ဘူးလား ခင်ဗျ"
ကောင်လေးကို ကြည့်နေရင်း သူက ကျွန်တော့်ဖက်ကို လှည့်မေးသည် ။
"အမ် .. ဟို .. ရှမ်းဘောင်းဘီ ရှိလား "
"ဟုတ်ကဲ့ ရှိပါတယ်ဗျ ဘာအရောင် လိုချင်ပါလဲ ခင်ဗျ "
စိတ်ရှည်လက်ရှည် လိုက်ပြပြီး ကျွန်တော့် စိတ်တိုင်းကျ ရွေးပေးနေသည် ။
"ကျေးဇူးတင်ပါတယ် ခင်ဗျ နောက်လည်း အင်းလေး ရောက်ရင် ဝင်ခဲ့ပါဦး လျော့ပေးပါ့မယ်ဗျ "
မှိုင်း ကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာ သွားကြသော အုပ်စုကို ကြည့်ရင်း ပြုံးလိုက်သည် ။ နောက်တော့မှ ဒေါ်လေး ဆိုင်ပြန်လာပြီး စားလက်စကို ဆက်စားနေသည် ။
"ကောင်လေး ဒီသော့ချိတ်လေးမှားပါလာလို့ ကိုယ်မဝယ်ထားဘူး "
"အဟွတ် !! "
မှိုင်း စားနေရင်း တကယ်ကြီး သီးသွားသည် ။ ဇာတ်ကောင်အသစ်ဖြစ် ဖန်တီးရန် ကုန်ကြမ်းရသွားသည်မို့ ကျေးဇူးတင်သည့် အနေနှင့် ထိုလူမသိအောင် အမေ့ အလစ်မှာ ဆိုင်က သော့ချိတ်လေး ထည့်ပေးလိုက်သည် ။ ဒါကို ဒီလိုကြီး ရုတ်တရက် ရောက်လာတော့ ...
