Penchant
Ep _ 14"မှိုင်း "
"မှိုင်း ??? "
"ဟေ့ ကောင်လေး data ဖွင့်ပြီး အိပ်ပျော်နေတာလား ? "
"မှိုင်း ??????? "
"ဘာလုပ်နေလို့ စာတွေတောင် ဝင်မဖတ်နိုင်ရတာလဲ ? "
ဆက်တိုက်ပို့ထားသော အယ်ရာရဲ့ စာများက နည်းနည်းနောနော မဟုတ် ။
အယ်ရာက Active now ဖြစ်မနေတော့ ။"Assignment အတွက် စာရိုက်နေရလို့ data ပိတ်ဖို့ မေ့သွားတာ "
စာပို့ပြီး အိပ်တော့မည် အလုပ် ရုတ်တရက် အယ်ရာ့ acc က မီးစိမ်း လာပြီး seen ဖြစ်သွားသည် ။
"အင်း အိပ်တော့လေ "
"ခင်များ မအိပ်သေးဘူးလား ? "
"အစကတော့ အိပ်နေတာပဲ ခုတော့ တရေးနိုးလာတာ "
ကျွန်တော်လည်း ဝှားကနဲ သမ်းဝေ လိုက်ပြီး မျက်ရည်တွေ ဝဲလာသည် ။
ညည့်နက်နေပြီ ဖြစ်တာရော ပင်ပန်းတာရောကြောင့် လူက ငိုက်လာသည် ။"ဒါဆို ကျွန်တော် အိပ်တော့မယ် "
"အင်း အိပ်သင့်တာ ကြာပြီ မင်း မနက်လည်း စောစောထရဦးမှာကို "
"Good night အယ်ရာ "
"GN မှိုင်း "
Data ပိတ်ပြီး ဖုန်းကို လက်ထဲက ချလိုက်သည် ။ အိပ်ယာပေါ်မှာ လှဲလိုက်ပြီး နူးညံ့သော ခေါင်းအုံး ထက်တွင် ခေါင်းချ လိုက်သည်နှင့် မျက်ခွံတွေက မှေးစင်းလာသည် ။
အိပ်မက်ထဲတွင် အင်းလေး ကန်ရေပြင်ကို ခပ်ဆွေးဆွေး ငေးနေသည့် လူတစ်ယောက်ကို မြင်ရသည် ။
>>>>>>>>>>
"မင်း စာရွက်တွေ ထုတ်ပြီး သွားနှင့် ပြီးရင် ငါလိုက်လာခဲ့မယ် "
"၉ ခွဲထက် နောက်မကျနဲ့နော် မှိုင်း "
"စိတ်ချ "
Assignment ကိစ္စကို ငရဲ လက်ထဲ ယုံယုံကြည်ကြည့်ဖြင့် အပ်လိုက်ပြီး ဖရဲသီး ဆိုင်ကို ထွက်လာလိုက်သည် ။
"ကလေး အမောပြေ ဖရဲသီးလေး စားလိုက် "
"ကျေးဇူးပါဗျ ကျွန်တော် မစားတော့ဘူး အဒေါ် ဖရဲသီး ၂ လုံးသာ မြန်မြန်လေး ထည့်ပေးပါလား ကျွန်တော် နောက်ကျနေလို့ "
