Penchant
Ep _ 16Presentation ပြီးလို့ အတန်းထဲက လစ်ထွက်မည့် အချိန်တွင် ငရဲရဲ့ လှမ်းဆွဲခြင်းကို ခံလိုက်ရသည် ။
"Tuto ရှိတာကို ဘယ်လစ်မလို့လဲ "
"အိမ်သာ "
"အပိုတွေ ပြောမနေနဲ့ tuto လစ်မလို့ ကြံနေပြီးတော့ "
"ဒီ paper က တစ်ခါမှ မပျက်ရသေးဘူး ဒီတော့ အေးဆေး "
"မှိုင်းညှို့သွင် ! "
ဆဲခံရရုံတင်မကဘဲ အတန်းထဲကို ဝရုန်းသုန်းကား ပြန်ဆွဲခေါ်တာ ခံလိုက်ရသည် ။
"မှိုင်း tuto လေးတော့ မှန်အောင် ဖြေ "
"မင်းကလည်း "
Tuto စာအုပ်တွေ ရသည်နှင့် မှိုင်း တစ်ယောက် ခုံအောက်က လွယ်အိတ်ထဲကို လှစ်ကနဲ ဖွင့်ကြည့်လိုက် ပြန်ပိတ်လိုက်ဖြင့် အရမ်း အလုပ်ရှုပ်နေသည် ။
ဆရာမ ၂ ယောက်က အရှေ့ အနောက် လမ်းလျှောက်နေသည်မုိ့ မမြင်အောင် လှုပ်ရှားရသည်မှာလည်း လွယ်တော့ မလွယ် ။ စင်ပေါ်မှာ ရပ်နေသည့် အချိန်ဆို ပိုဆိုး ... အောက်ငုံ့ကြည့်ဖို့ အဆင်မပြေ ။
ဒီကြားထဲ လွယ်အိတ်ထဲက ဖုန်းက screen off သွားလို့ ပြန်ဖွင့်ရင် password ကြီး နှိပ်နေရသည်ကလည်း တစ်ဒုက္ခ ။ နောက်ဆုံးတော့ ဘေးက ငရဲ ဆီကနေပဲ အစအဆုံး ကူးရေး လိုက်တော့သည် ။
"ဒါက ဘယ်လဲ "
Tuto ဖြေပြီးလို့ ထွက်လာတာတောင် ငရဲ လက်က မလွတ် ။
"အိမ်သာ "
"ငါလည်း လိုက်မယ် "
တကယ်ကို အိမ်သာထဲ အထိ လိုက်လာလေသည် ။ အိမ်သာထဲက ပြန်ထွက်လာတော့လည်း ကန်တင်း ဆွဲခေါ်ခံရသည် ။
"အလုပ်ရှိတယ် ငရဲရဲ့ "
"ခဏလောက် စကားလေး ဘာလေး ပြောရအောင် "
သို့ဖြင့် လပြည့်ဝန်းကို ရောက်သွားတော့ သူ့ကလေးတွေ ဝိုင်းကို ဝင်ထိုင်သည် ။
ငရဲဆိုတဲ့ကောင်က first year ကလေးတွေရဲ့ ဖခင်ကြီး အလား ။"ဟေ့ကောင် စကားပြောမယ်ဆို "
ကန်တင်း အတင်းဆွဲခေါ်လာပြီး အခုကျ သူ့ကလေးတွေနဲ့ ရယ်မောပျော်ရွှင်ပြီး စကားတွေပြောနေသည် ။ ကျွန်တော့်ကို အဖက်တောင် မလုပ် ။
