Penchant
Ep _ 6ကျောင်းဖွင့်ပြီ ဆိုသည်နှင့် tutorial များက ကပ်ပါလာလေသည် ။
"မနက်ဖြန် ကျုတိုရှိတယ်နော် မှိုင်း "
"အင်း သိတယ် "
"စာလေး ဘာလေး ကျက်ဦး "
"ကျက်မှာပါ ပူမနေနဲ့ "
လွယ်အိတ် ကောက်လွယ်ပြီး အပြင်ထွက်ဖို့ ပြင်တော့ ငရဲက မေးသည် ။
"ဘယ်လဲ မှိုင်း "
"စာသွားကျက်မလို့လေ "
"မင်းကတော့ မနိုင်ဘူး သိလား "
"မင်းရော လိုက်မလား ငရဲ "
"တော်စမ်းပါ နေပါဦး အဲ့ penchant က မင်းကို ဘာတွေနဲ့ ပြုစားထားတာလဲ "
ငရဲ အမေးကို ပြန်မဖြေဘဲ ရယ်မောရင်းသာ ထွက်လာခဲ့သည် ။ ကျောင်းတွေတောင် ဖွင့်နေပြီ ။ ပြောရမယ်ဆိုရင် ကျွန်တော် နေ့တိုင်း Penchant ကို ရောက် ဖြစ်သည် ။
တစ်နေ့ကို ၁ နာရီလောက်တော့ ကိုရှင်းကို တွေ့ရတတ်သည် ။ကိုရှင်းက တစ်ခါတစ်ခါ ခပ်ဆွေးဆွေး မျက်ဝန်းများဖြင့် အပြင်ဖက်ကို ငေးကြည့်နေတတ်သည် ။ ပုံမှန်ကတော့ laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတာက များသည် ။ တစ်ခါတစ်လေ စာအုပ် ဖတ်နေတတ်သည် ။ မပြောင်းလဲတာ တစ်ခုကတော့ သိပ်ပြီး အရယ်အပြုံး မရှိ ။
"ထောပတ်သီး ..."
မှာတောင် မမှာရသေးဘူး စားပွဲထိုးလေးက ထောပတ်သီး ဖျော်ရည် တစ်ခွက် လာချပေးသည် ။
"ဟောဗျာ မှာတောင် မမှာရသေးဘူးကို "
"ကျွန်တော်က အလိုက်သိတယ်လေ ဟဲဟဲ "
"ကျေးဇူးပါဗျ "
ဆိုင်ကို နေ့တိုင်း ပုံမှန် လာထိုင်လွန်းလို့ စားပွဲထိုးလေးနဲ့ပင် ရင်းနှီးနေပြီ ။ သို့သော်လည်း ကိုရှင်း ကတော့ ကျွန်တော့်ကို သိတောင် မသိ ။ ကျွန်တော်က အချိန်တိုင်း ငေးကြည့်နေရသည်ထက် ပို၍ အခြေအနေက တိုးတတ်မလာခဲ့ ။
စာကျက်စရာရှိတော့ ဝတ္တုဖတ်၍ မဖြစ် ။
နားကြပ်လေးတတ်ပြီး သီချင်း အေးအေးလေး နားထောင်ရင်း စာတွေ ထိုင်ရေးနေသည် ။ ကျွန်တော်က စာကို ရေးကျက် ကျက်သည်မို့ အဆင်ပြေသည် ။
