17.

1.3K 96 0
                                    

Penchant
Ep _17

"အယ်ရာ ? "

နှုတ်ဆိတ်သွားသော ကိုရှင်း ။ ယှက်ထားသည့် ကိုရှင်း၏ လက်နှစ်ဖက်က ခပ်တင်းတင်း ဖြစ်သွားသည် ။ ဘာမှ မရှိသည့် ကြမ်းပြင်ကို တွေတွေကြီး ငေးကြည့်နေပြီး နှုတ်ခမ်းတွေ ဖြည်းဖြည်းချင်း ဟလာသည် ။

"အင်း "

"တကယ်လား ! ဒါဆို ... ကျွန်တော်နဲ့ စကားတွေ အများကြီး ပြောဖြစ်တဲ့ ခင်များက ကိုရှင်း ဖြစ်နေတာလား ? "

တအံ့တသြ မေးနေသော ထောပတ်သီးလေးကို ဘယ်လို ရှင်းပြရမှန်း မသိ ။ တမင်တကာ လိမ်ညာခဲ့ခြင်းတော့ မဟုတ် ။

"ကိုယ် .... ကိုယ် တမင်တကာ မသိစေချင်လို့ ဖုံးကွယ်ခဲ့တာ မဟုတ်ပါဘူး ... ဟို ဟိုလေ ကိုယ်က ... "

စိတ်ဆိုးသွားမည်ကို စိုးရိမ်မိပြီး ပြောမိပြောရာ ပြောနေမိသည် ။ မှိုင်းလေးက ခုထိ အယ်ရာက ကျွန်တော် ဆိုတာကို မယုံနိုင်သေးဟန်ဖြင့် ။

"ဒါဆို .... ကိုရှင်းက ကျွန်တော်နဲ့ အရင်ကတည်းက သိခဲ့တဲ့ အယ်ရာပေါ့ "

"ကိုယ်ပြောချင်ပေမယ့် ဘယ်ကနေ ဘယ်လို စပြောရမှန်း မသိတာနဲ့ ... "

စကားတောင် မဆုံးသေး မှိုင်း က ထိုင်နေရာက ထလာပြီး ကျွန်တော့် အပေါ်ကို ဝုန်းကနဲ ခုန်အုပ်သည် ။

"အ "

"အယ်ရာ့ကိုတွေ့ချင်နေတာ "

ပြေးဖက်လိုက်ခြင်း ဖြစ်သော်လည်း ကျွန်တော်က ထိုင်နေသည်မို့ တကယ်တမ်းကျ ထောပတ်သီး ပိနေသလို ဖြစ်သွားသည် ။ မှိုင်း စိတ်မဆိုးတာကို သိရတော့ နည်းနည်း ပြုံးမိသည် ။

"ကိုယ့်ကို စိတ်မဆိုးဘူးလား မှိုင်း "

ဖက်ထားရာက မျက်နှာကို ခွာလိုက်ပြီး ကိုရှင်းကို စိုက်ကြည့်လိုက်တော့ နှစ်ဦးသား အကြည့်ချင်းဆုံးနေရင်း တိတ်ဆိတ်မှုက ကြီးစိုးသွားသည် ။

ကိုရှင်းကို ဖက်ထားတာကို မလွှတ်ပေးမိသလို ကိုရှင်း ပေါ်ကလည်း
မဆင်းမိ ။ ကျွန်တော် ပြုတ်ကျမှာ စိုးလို့ ကိုရှင်းက ခါးကို ခပ်ဖွဖွလေး ထိန်းကိုင်ပေးသည် ။

Penchant Where stories live. Discover now