Penchant
Ep _ 10ဆိုင်ရှေ့ရောက်တော့ ကိုရှင်း ဘေးနားတွင် ဟိုတစ်ခါ တွေ့ ဖူးသည့် အစ်ကိုက အေပရွန် ဝတ်ပြီး အလုပ်တွေ ကူပေးနေသည် ။
"ကိုရှင်း "
"ဟာ ထောပတ်သီး "
ကိုရှင်း ဘေးနားက အစ်ကိုက လက်ပိုက်ပြီး ကြည့်နေလေသည် ။
"ဟို .... ကျွန်တော် ဒီနေ့ မေဂျာ ဘောလုံးပွဲ ကိစ္စတွေ လိုက်လုပ်နေရလို့ ... "
"ရပါတယ် သီဟ အားတာနဲ့ ကိုယ့်ကို ကူညီပေးနေတော့ အဆင်ပြေတယ် "
"အားတော့ နာပါတယ် အခုလည်း ခေါင်းစည်းတွေ သွားလုပ်ရမှာမို့ ... "
ထောပတ်သီး မျက်နှာလေးက ခါတိုင်းနှင့် မတူ ။ အတော်လေးကို ညှိုးနေပြီး မျက်နှာငယ်လေးဖြင့် ။ ကြည့်ရတာ ကျွန်တော့်ကို အားနေ နေပုံရသည် ။
"ရပါတယ် အေးဆေးပေါ့ ဒီနေ့ လူလည်း သိပ်မရှိပါဘူး "
"ဟုတ် "
ထောပတ်သီးက ကျောင်းကနေ တန်းပြီး ဝင်လာပုံရသည် ။ အင်္ကျီအဖြူလေးကို မွန်ပုဆိုး အနီလေးဖြင့် တွဲဝတ်ထားပြီး ဘေးလွယ်အိတ်လေး လွယ်ထားသည် ။
ဒီလို မြန်မာ လွယ်အိတ်မျိုး လွယ်သည့်သူက ရှားသည် ။ လွယ်အိတ်မှာ ချိတ်ထားသည့် သော်ချိတ်လေး တစ်ခု ။ သစ်သား သော့ချိတ်လေးက ....
"အစ်ကို သူက ဘယ်သူလဲ "
သီဟနဲ့ မိတ်ဆက်ပေးဖို့ မေ့နေမိသည် ။
"အာ မိတ်ဆက်ပေးဦးမယ် သူက ... နေပါဦး မင်းနာမည် အခုထိ မသိသေးဘူး ထောပတ်သီး "
"ကျွန်တော့် နာမည် မှိုင်း ပါ "
"အေး .... မှိုင်း ... မှိုင်းက ကိုယ့်ဆိုင်ရဲ့ အချိန်ပိုင်း ဝန်ထမ်း အသစ် "
သီဟက အသိမှတ်ပြုသည့် ဟန်ဖြင့် ခေါင်းညိတ်ပြရင်း ပြုံးသည် ။
"ဒါက သီဟ ကိုယ့်ရဲ့ ကိုးတန်း ကတည်းက သူငယ်ချင်း ဒါပေမယ့် ကိုယ့်ထက်တော့ ငယ်တယ်တယ် "
မှိုင်းက ရယ်ပြလိုက်ပြီး ...
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကိုသီဟ "
