SID - 3

4.2K 378 7
                                    

Unicode Version

ဝမ်ရိပေါ် POV

နှလုံးသားရဲ့ပန်းသွေးရောင်အလိုဆန္ဒကို
ကျွန်တော်လက်ခံလိုက်ရပြီးနောက်တစ်နေ့
အကိုနဲ့ပတ်သက်လာရင်အမှတ်မရှိတဲ့
ခြေထောက်တွေကအမြဲလိုသွားလာခဲ့တဲ့
ပုံမှန်လမ်းကြောင်းကိုမသိကျိုးကျွံပြုပြီး
ချယ်ရီပင်တွေနဲ့တိုက်အနီရောင်လေးရှိရာ
လမ်းသွယ်ဆီဦးတည်တယ်

မနေ့ကတစ်နေ့လုံးပုလဲရည်ခခဲ့တဲ့အပြင်
နှစ်ညဆက်တိုက်မအိပ်ခဲ့ရတဲ့
ကျွန်တော့်မျက်လုံးတွေကသာမန်ထက်
ဖောင်းကားကြည့်ရဆိုးနေမှာအသိသား

အခုလောလောဆယ်အဲ့ဒါထက်ပိုတာက
ကျွန်တော့်ခြေသလုံးရဲ့တစစ်စစ်နာကျင်နေမှု

အံကြိတ်ပြီးထော့နဲ့ထော့နဲ့မဖြစ်အောင်တော့
ကျွန်တော်ကြိုးစားလျှောက်တယ်

အကိုတောင်မှခံနိုင်သေးတာပဲ

ဟုတ်တယ်မလား

အကို့ရှေ့မှာအားနည်းတဲ့
ကလေးတစ်​ယောက်မဖြစ်လို

ကျွန်တော့်ကိုပျော့နွဲ့နွဲ့ကောင်လေးအဖြစ်
အကိုထင်မှာမလိုလား

အမာရွတ်ရာလေးတစ်ခုက
လူတစ်ယောက်ကိုအနေအထားတစ်ခုထိ
ရောက်အောင်ပြုစားနိုင်ခဲ့ပါတယ်လို့
ကျွန်တော်ပြောရင်အကိုယုံမှာလား

ဒီနေ့မနက် အလင်းအာရုဏ်ရဲ့
ရှေ့တော်ပြေးမြူငွေ့တွေ
ကျွန်တော့်အခန်းပြတင်းပေါက်နား
အခစားဝင်ချိန်ထိစိတ်က
တနုံနုံနဲ့ဘယ်လိုမှနေမကျ

အကြိမ်ကြိမ်အဖန်ဖန်ပေါ်လာတဲ့
မြင်ကွင်းကိုဖျောက်ပစ်ဖို့
အကိုနဲ့ညီမျှတဲ့အရာတစ်ခုယူမှဖြစ်တော့မှာ
ကျွန်တော်သိလိုက်ပြီ

ချစ်ရတဲ့သူတွေမိမိကြောင့်ထိခိုက်တာ
ကမ္ဘာပေါ်မှာလက်ခံရအခက်ဆုံး
ဖြစ်လိမ့်မယ်လို့ဘယ်တုန်းကမှမထင်ခဲ့ဘူး

ဆုံးဖြတ်ပြီးခြံထဲဆင်းဖို့လုပ်မိပေမယ့်
ညီမလေးနိုးသွားမှာစိုးတဲ့အသိကြောင့်
ရပ်တန့်သွားခဲ့တဲ့ကျွန်တော့်ကို
အခွင့်အရေးပေးလာတာ
စားပွဲပေါ်ကမီးပူလေး

ပလပ်ပေါက်နဲ့ငါးမိနစ်စာလောက်
ဆက်သွယ်ပေးပြီးတဲ့နောက်တော့
လုံလောက်တဲ့အပူချိန်ရပြီ

Shade In Darkness ( Season 1 )Where stories live. Discover now