SID - 6

3.2K 315 8
                                    

Unicode Version

ဝမ်ရိပေါ် POV

အချိန်သာနှစ်ရက်ကုန်သွားတယ်

အကို့ဆီကဖုန်းလက်ခံမရ

ဘယ်လိုလဲကိုမတွေးတတ်

ကျွန်တော်မှာတော့အကိုဘယ်အချိန်များ
ဖုန်းထဆက်မလဲဆိုပြီးအိပ်တာတောင်
Volume ကိုအမြင့်ဆုံးထားအိပ်ရတာနဲ့
စာကြည့်တိုက်မှာလည်း Silent လုပ်ဖို့ဝေးလို့
ဖုန်းကိုခဏခဏလှမ်းကြည့်ရတာနဲ့တင်တစ်နေ့ကုန်

အကိုနဲ့အတူနှစ်ယောက်တည်း
စာအုပ်ဖတ်ရမှာကိုတွေးတွေးပြီး
ညညဆိုအိပ်လို့တောင်မပျော်

အကိုကတော့ လူကိုမျှော်လင့်ချက်ပေးသွားပြီး
တစ်နေရာရာမှာကြိတ်ရီ​နေတာများလား

ဒါမှမဟုတ် ဘုရားရေ
အကိုနေမကောင်းလို့လား

အကို့အကြောင်းခေါင်းထဲဝင်လာတာနဲ့
မတရားတွေအများကြီးတွေးတတ်တဲ့
ကျွန်တော့်ကိုယ်ကျွန်တော်တောင်
ကြောက်လာမိပြီ

ကျွန်တော်ဆေးမီပါသေးတယ်နော်

မနက်ဖက်တွေ တမင်တကာ
အကို့အိမ်လမ်းဖက်က တကွေ့တပတ်ကြီး
လျှောက်သွားတော့လည်းအကို့ကိုထပ်မတွေ့ရ

အသက်ဆက်ဆေးလေးကို
မမြင်ရတာနှစ်ရက်ရှိပြီမို့
အခန်းထဲကနံရံကပ်ဓာတ်ပုံလေးတွေနဲ့သာ
အလွမ်းဖြေနေရတာအကိုသိမှာမဟုတ်

ကျွန်တော်အကို့ကိုတကယ်တွေ့ချင်ပါတယ်

စာကြည့်တိုက်ပိတ်ရင်
အကို့အိမ်မှာသွားမေးရကောင်းမလား

နေမကောင်းလို့အိမ်မှာနားနေတာဆိုလည်း
ကျွန်တော်စိတ်အေးရမယ်

အနည်းဆုံးတော့အကို့ကိုမျှော်ရင်း
ရှည်ထွက်လာတော့မယ့်
ကျွန်တော့်လည်တိုင်လေး
ခဏဖြစ်ဖြစ်သက်သာတာပေါ့

တရွေ့ရွေ့သွားနေတဲ့နာရီကိုကြည့်မိတော့
သုံးနာရီငါးဆယ့်ခုနှစ်မိနစ်

အပြင်မှာ
မိုးချိန်းသံသဲ့သဲ့လည်းကြားနေရသေးတယ်

မိုးရွာတော့မယ်ထင်ရဲ့

လေးနာရီထိုးခါနီးပြီမို့
စာအုပ်ဌားမယ့်အပ်မယ့်သူ
ထပ်ရောက်လာဦးမှာမဟုတ်တော့
စာကြည့်တိုက်ပိတ်ရတော့မယ်

Shade In Darkness ( Season 1 )Where stories live. Discover now