Unicode Version
ဝမ်ရိပေါ် POV
အိပ်မက်တွေကနေနိုးထဖို့
ကျွန်တော်တို့အချိန်ဘယ်လောက်လိုတတ်သလဲတစ်နာရီလား ဒါမှမဟုတ်
ဆယ်နာရီလားဘယ်လောက်ပဲကြာကြာပါ
ဒါဟာအိပ်မက်တစ်ခုဆိုရင်တောင်
ကျွန်တော်မနိုးထချင်ဘူး
မဟုတ်ဘူး မနိုးထတော့ဘူးသင်တန်းကစာတွေ ရက်တိုတိုနဲ့
အမြန်ပြီးပြတ်အောင်သင်ရင်း
အကိုနဲ့တွေ့ရမယ့်နာရီပိုင်းဆိုတဲ့အချိန်လေးကို
ကျွန်တော်တသသမျှော်လင့်ယူရတယ်ဒီနေ့တော့စာကြည့်တိုက်သွားဖို့ကိုလည်း
စဥ်းစားမနေတော့ပဲအကို့ဆီ
တန်းသွားဖို့ပြင်ဆင်ရင်း
ကျွန်တော့်ရင်တွေတဒုန်းဒုန်းခုန်နေဆဲအကိုနဲ့မတွေ့ရတာရက်အတော်ကြာခဲ့ပြီလေ
ဝေးကွာခဲ့တဲ့ပြက္ခဒိန်တွေကြား
အကိုဘာတွေပြောင်းလဲနေမလဲ
ကျွန်တော်သိပ်သိချင်ပါတယ်အတွေးကြောင့်နှစ်ခြိုက်စွာ
တိုးတိုးကြိတ်ရီရင်းပေါ့ပေါ့ပါးပါးဖြစ်စေမယ့်
ရှပ်အဖြူနဲ့ဂျင်းဘောင်းဘီကိုပဲ
တွဲဖက်ဝတ်ဆင်လိုက်တယ်ဒီလောက်ဆိုအကို့ဆီသွားဖို့ ready ဖြစ်ပြီ
အမွှေးရည်ထပ်ခါတလဲလဲဖြန်းပြီး
အကျအနမီးပူတိုက်ထားတဲ့
ဝတ်စုံလေးကိုစက္ကူအိတ်ထဲပြောင်းထည့်ရင်း
နံရံပေါ်ကအကို့ပုံရိပ်လေးဆီခဏငေးမိတယ်အလွမ်းတွေအတိုးချဖို့
ကျွန်တော်လာပြီနော် အကိုလေချွန်သံတိုးတိုးငြီးရင်း
လှေကားပေါ်ကကျွန်တော်ပြေးဆင်းတော့
တစ်ပိုင်းတစ်စပြီးပြတ်နေပြီဖြစ်တဲ့
မာဖလာစလေးကိုသိုးမွေးဆက်ထိုးနေဆဲ
ညီမလေးကစူးစမ်းသလိုလှမ်းကြည့်တယ်" ကိုကိုဘယ်လဲ
Results တွေကဒီနေ့မဟုတ်ရင်
မနက်ဖြန်လောက်ထွက်မယ်တဲ့နော်ကိုကို
သိပြီးပြီလား "ကျွန်တော်ပိပိရိရိပြုံးရင်းခေါင်းညိမ့်ပြကာ
အပြင်သွားမယ့်အကြောင်းနဲ့
ထမင်းစားရန်မမေ့ဖို့မှာပြီး
အိမ်ပြင်ဖက်အမြန်ပြေးထွက်လာရတယ်
YOU ARE READING
Shade In Darkness ( Season 1 )