SID - 4

3.4K 326 7
                                    

Unicode Version

ဝမ်ရိပေါ် POV

အဲ့ဒီနေ့ကမြူခိုးတွေအလွန်အကြူးမဆိုင်းသလို
မိုးတွေလည်းသည်းသည်းမဲမဲရွာမနေခဲ့ဘူး

နေရောင်ခြည်လည်းဖျော့ဖျော့
လေပြေနုလည်းအေးအေးပါပဲ

သာမန်ရာသီဥတုတစ်ခုပေါ့

ထုံးစံအတိုင်းအကိုလာရာလမ်းတစ်လျှောက်
သစ်ရွက်တွေတောင်လေလမ်းကြောင်းနဲ့
ဆန့်ကျင်လို့အကို့မျက်နှာ
တည်တည်လေးကိုမျှော်ငေးတယ်

ဌက်တွေလည်းတေးဆိုလို့
လမ်းသွယ်လည်းဖြောင့်ဖြူးလို့ပါပဲ

ဒါကြောင့်အဲ့ဒီနေ့ဟာအမှောင်ခန်းထဲမှာ
အထပ်ထပ်တွေးလို့နာကျင်ရမယ့်
Memory တစ်ခုဖြစ်တည်မယ့်နေ့မှန်း
ကျွန်တော်ကြိုမသိခဲ့တာအဆန်းတော့မဟုတ်

တကယ်ဖြစ်ခဲ့တာမဟုတ်ပါစေနဲ့လို့သာ
အထပ်ထပ်ဆုတောင်းမိတယ်

အိပ်မက်တစ်ခုသာဖြစ်ပါစေလို့တော့
ယောင်လို့တောင်မပြောဘူး
အိပ်မက်ထဲတောင်အကို့ရဲ့ဒီလိုအဖြစ်ကို
ကျွန်တော်လက်မခံနိုင်တာမို့

တကယ်လို့ကျွန်တော်သာအဲ့ဒီညနေက
နားနေခန်းဖက်မသွားဖြစ်ခဲ့ရင် ...

မဟုတ်သေးဘူး

ကျောင်းကန်တင်းလ်ကဒိန်ချဥ်ဗူးကိုသာ
ဝယ်မသောက်ခဲ့ရင်
ဒီအနေအထားကိုကျွန်တော်မြင်ရမှာ
မဟုတ်ဘူးလို့အကိုနှစ်သိမ့်စမ်းပါ

ဒါမှမဟုတ်

ကျွန်တော်အမြင်မှားတာပါ
ဒါအကိုမဟုတ်ပါဘူး လို့
ကျွန်တော့်ကိုဗြောင်လိမ်ပေးစမ်းပါ

အကို့ဆီကကျွန်တော်ရမယ့်
မမြင်နိုင်တဲ့ဒဏ်ရာတွေထဲ ..
တစ်ခုကိုဖယ်ရှားခွင့်ပေးမယ်ဆိုရင်
တရေးနိုးထမေးတောင်
အဲ့ဒီနေ့ လို့ကျွန်တော်ဖြေမယ်

အမှန်တော့ဒါဟာအကို့ဆီက
ကျွန်တော်ထပ်ထပ်ရမယ့်နာကျင်မှုတွေရဲ့
အစပျိုးအမွှားလေးပဲရှိသေးတယ်ဆိုတာ
ကျွန်တော်မသိခင်ကအတွေးပေါ့

နောက်နောင်ဒီထက်ဆိုးတဲ့အနေအထားတွေကို
ရင်ဆိုင်ရဦးမယ်မှန်းသာကြိုသိရင်
ဒီဆုကိုကျွန်တော်မတောင်းဘူး

Shade In Darkness ( Season 1 )Where stories live. Discover now