SID - 22

2.6K 328 32
                                    

Unicode Version

ဝမ်ရိပေါ် POV

အကိုကမူးယစ်ဆေးဝါးလိုလူတစ်ယောက်

တန်ဆေးလွန်ဘေးဆိုတာမျိုးမရှိပဲ
ငြိတွယ်မိတာနဲ့အမျှစွဲလမ်းလွန်းလာပြီး
အချိန်ရှိသရွေ့တမ်းတမိစေတတ်တာမျိုး

မကောင်းမှန်းသိလျက်ဖက်တွယ်မိစေပြီး
ဖြစ်လာတဲ့ဆိုးကျိုးတွေကို
ပျော်ပျော်ကြီးခံယူလိုစိတ်ထည့်ပေးတာမျိုး

မနေ့ကအိမ်ပြန်ရောက်ရောက်ချင်း
အိပ်ခန်းထဲတန်းဝင်နားနေတဲ့ကျွန်တော့်ကို
အိပ်ပျော်လုဆဲဆဲမှာဒေါ်လေးယိက
အခန်းတံခါးခေါက်လာနှိုးပါတယ်

ပြောစရာရှိလို့အချိန်ခဏပေးပါတဲ့

အပြောကတစ်မျိုးပေမယ့်
ဒေါ်လေးယိ ဆိုတာကျွန်တော့်ကို
ကလေးဘဝကတည်းကထိန်းလာခဲ့တဲ့အပြင်
အမေတစ်ဖြစ်ပေပဲမို့ထူးပြီးတွေးပူမနေမိ

" ရိပေါ် .. သား .. ထိုင် "

" ဟုတ်ကဲ့ ဒေါ်လေးယိ "

ဆိုဖာပေါ်နေရာယူရင်း
ဒေါ်လေးပြောလာမယ့်စကားကို
ကျွန်တော်နားစွင့်ထားမိတယ်

" ဒေါ်လေးတို့ပိုလွတ်လွတ်လပ်လပ်ပြောနိုင်ဖို့
အားချင့် မရှိတဲ့အချိန်မှလာခေါ်ရတာသား .. "

ထိတ်လန့်သွားတဲ့ကျွန်တော့်မျက်လုံးတွေကို
ဒေါ်လေးကဖတ်တတ်စွာပဲ
အားချင့်ကိစ္စမဟုတ်ပါဘူးသား လို့
တစ်ဆက်တည်းလှမ်းပြောရှာပါတယ်

ဒါဆိုဘာကိစ္စရယ်မို့ညီမလေးမရှိတဲ့
အချိန်ကိုရွေးရတာလဲ

" သားကအထက်တန်းရောက်ပြီဆိုပေမယ့်
အရမ်းငယ်လွန်းသေးတယ် သား ..
ဒေါ်လေးယိ ဒီစကားပြောတာ
စည်းကျော်သလိုဖြစ်သလားမသိပေမယ့်
ရိပေါ် ဆိုတာဒေါ်လေးရဲ့သားအရင်းလိုပါပဲ .. "

" ကျွန်တော်နားလည်ပါတယ် ဒေါ်လေးယိ ..
ကျွန်တော့်အတွက် ဒေါ်လေးယိ ဟာလည်း
အမေတစ်ယောက်လိုပါပဲ ..
ဖေဖေနောက်အိမ်ထောင်ပြုကတည်းက
ပြုစုစောင့်ရှောက်ပေးလာတဲ့ကျေးဇူးကို
ကျွန်တော်ကောင်းကောင်းသိပါတယ်ဗျ "

" ဒီလိုဆိုရင်ဒေါ်လေးပြောမယ်သား
ဒေါ်လေးကိုအမှန်တိုင်းဖြေနော်
သားမှာချစ်သူရှိနေပြီလား "

Shade In Darkness ( Season 1 )Where stories live. Discover now