Unicode Version
ဝမ်ရိပေါ် POV
လေအဟုန်လိုမြန်တဲ့စိတ်အပိုင်းအစလေးက
အဖြစ်အပျက်တွေကိုအကြီးအကျယ်
ပြောင်းလဲစေခဲ့မယ်မှန်းဘယ်သူသိမှာလဲအဲ့ဒီနေ့ကအကို့ဆီသွားမိတာမှန်လား မှားလား
ကျွန်တော်မသိပေမယ့်မှင်သက်အောင်
ကံကောင်းစေခဲ့တာတော့အသေချာပဲအကို့ကိုထားခဲ့ဖို့အကြောင်းပြချက်တွေ
ထောင်ချီရှိနေပါစေ
အကို့နားမှာနေဖို့ဆိုကျွန်တော့်အတွက်
အကြောင်းပြချက်တစ်ခုပဲလိုအပ်တယ်မြင်လိုက်တိုင်းသတိလက်လွတ်ငေးမိအောင်ထိ
ဆွဲဆောင်မှုပိုတဲ့အစ်ကိုရဲ့နီထွေးနေတဲ့
နှုတ်ခမ်းလေးအောက်ကမဲ့နက်လေးကိုချစ်တယ်အကိုနဲ့နီးကပ်ခွင့်ရခဲ့တဲ့
အခိုက်အတန့်လေးတွေကိုလည်းချစ်တယ်တကယ်တော့အကိုသာဖြစ်နေပါစေ
အရာအားလုံးကချစ်စရာအတိကိုက်ခဲနေတဲ့ဦးခေါင်းဖက်ခံစားမှုကြီးက
နိုးလာလာချင်းမှာကျွန်တော်ရောက်နေတာ
ဘယ်နေရာလဲဆိုတာမတွေးနိုင်လောက်အောင်ကို
ပြင်းပြင်းထန်ထန်ဆိုးရွားတယ်ပတ်တီးမစည်းထားသလို သွေးတွေလည်းမရှိတာမို့
ခေါင်းမပေါက်သွားတာတော့သေချာလို့တော်သေးအိပ်ယာခင်းစအနီရောင်ကိုတင်းတင်းဆုပ်ကိုင်ရင်း
လက်ရှိအခြေအနေကိုသိဖို့ကြိုးစားပေမယ့်
မယုံနိုင်လောက်အောင်ပဲကျွန်တော့်မှာ
အားနည်းနည်းပိစိလေးတောင်မရှိနောက်ဆုံးမြင်ခဲ့တာအကိုကျွန်တော့်ဆီ
ပြေးလာနေတာဆိုတော့ မဟုတ်မှလွဲ
ဒါအကို့အိမ်ထဲမှာပဲလားအိပ်ယာပေါ်ကိုရောဘယ်လိုရောက်လာခဲ့တာလဲ
အကို့အိမ်မှာအကိုကလွဲပြီး
တခြားလူတွေမမြင်ဖူးဘူးဆိုတော့
ကျွန်တော်ဒီရောက်နေတာ
အကိုခေါ်လာတာကလွဲလို့ တခြားအဖြေမရှိနိုင်ရင်ခွင်ကျယ်ကျယ်ထဲကျွန်တော့်ကိုထည့်လို့
အိပ်ခန်းထဲအရောက်ပွေ့ချီလာခဲ့မယ့်
အကို့ပုံရိပ်ကကျွန်တော်မမြင်ရတောင်
တွေးကြည့်ရုံနဲ့တင် တခမ်းတနားလှတယ်
YOU ARE READING
Shade In Darkness ( Season 1 )