Unicode Version
ဝမ်ရိပေါ် POV
လွမ်းစရာရှိရင် နာစရာနဲ့ဖြေရသတဲ့အကို
ကျွန်တော့်အတွက်တော့အကိုပေးသမျှအရာတိုင်း
အကို့ဆီကဖြစ်တည်လာသရွေ့
ပျော်ရတာပဲမို့ဘယ်ဟာနဲ့ဖြေရပါမလဲအကိုယောင်တောင်ပေါင်တောင်နဲ့ပြန်လိုက်ကပ်ထားတဲ့
နံရံပေါ်ကဓာတ်ပုံအပိုင်းအစတွေနဲ့လားအကို့အတွက်ရည်စူးထားတဲ့လက်ရာမသေမသပ်
တစ်ပိုင်းတစ်စပန်းချီကားလေးနဲ့လားမလျှော်ရသေးတဲ့အကို့ရဲ့ထိတွေ့မှု
အမှတ်စဥ်တစ် နှစ်နဲ့လားဒါမှမဟုတ် ဆင်တူရှိနေတဲ့ကျွန်တော့်
ခြေသလုံးကအမာရွတ်လေးနဲ့လားနာရီပေါင်းများစွာကြာအောင်
တရှိုက်မက်မက်ငိုကြွေးခဲ့ရတဲ့အခန်းထဲ
ဘယ်နေရာကိုကြည့်ကြည့်
အကိုအငွေ့အသက်တွေနဲ့ပြည့်လို့ပါပဲရှူသွင်းတဲ့လေကအစ
ဆန့်တန်းလိုက်တဲ့မျက်တောင်အဆုံး
နေရာတိုင်းမှာအကိုရှိတယ်ချစ်မိတော့လည်းအရှုံးပေးရသတဲ့လေ
ဘယ်စာဆိုထွင်ခဲ့ပါလိမ့်ဆိုးလိုက်တာမှ
ပိတ်ရက်ပြီးတာတောင်ဘယ်မှမထွက်ချင်တာမို့
စာကြည့်တိုက်ကိုလည်းခွင့်ယူပြီး
အခန်းအောင်းနေခဲ့တာသုံးရက်အနားမှာချထားတဲ့ဖုန်းလေးကိုကြည့်ပြီး
အကို့ဆီဆက်ချင်တာရူးမတတ်ဘာလို့ကျွန်တော့်ရှေ့မှာဒီလိုလုပ်ရက်တာလဲ
ဘာကြောင့်လဲ
စိတ်ရှိသလိုအော်ဟစ်မေးချင်ပေမယ့်
အသံကထွက်မလာအခန်းပြတင်းပေါက်နားပျံသွားတဲ့
ဌက်လေးကလှမ်းပျက်ရယ်ပြုတယ်တရားခံကအကိုသာဖြစ်ပါစေ
သေလုမျောပါးနာကျင်စေရင်တောင်မှ
အကြောင်းပြချက်တစ်ခု မလိုအပ်အောင်
မင်းချစ်မိနေခဲ့တာကြာလှပေါ့ တဲ့ဒါလည်းကျွန်တော်မငြင်းနိုင်ခဲ့ဘူး
အိပ်ယာမှလူးလဲထလိုက်ပြီး
ဗီရိုထဲကခေါင်းစွပ်အက်ျီအနီကို
ထုတ်ယူဝတ်ဆင်ရင်းအားဖျော့နေတဲ့
မျက်နှာကိုကြည့်ကောင်းလာစေဖို့
ပြင်ဆင်မှုအနည်းငယ်ကိုစတင်လိုက်တယ်
YOU ARE READING
Shade In Darkness ( Season 1 )