LØVE YØU (Part-1)

23.4K 1.5K 125
                                    

LØVE YØU

Part-1

ဆောင်းအကုန် နွေဦးရာသီ အစ နံနက်ခင်းတွင်ဖြစ်သည်။ ခမ်းနားထည်ဝါလွန်းတဲ့ အဖြူရောင် အိမ်ကြီးတစ်လုံးသည် တေးသံသာတို့ သီကျူးနေတဲ့ ငှက်အပေါင်းကြားမှာ တိတ်ဆိတ်ငြိမ်သက်လျှက်....

ထည်ဝါလွန်းသော အဖိုးထိုက်သော အသုံးအဆောင် ပစ္စည်းတွေနဲ့သာ အလှဆင်ထားသည့်  တော်ဝင်ဆန်ဆန် အခန်းကျယ် ။ ထို အခန်းထဲက ကုတင်ပေါ်တွင်တော့ အိပ်မောကျနေတဲ့ အိမ်ဦးအရှင်သခင်တစ်ပါး ရှိသည်။ ထို အရှင်သခင်၏ ရင်ခွင်ထဲ၌ ငြိမ်သက်စွာ အိပ်ပျော်နေသော ခပ်သေးသေး ကောင်လေးတစ်ယောက်လည်း ရှိသည်။

ထသင့်တဲ့အချိန်တစ်ခုရောက်ပြီမို့ နိုးနေကျ အချိန်လေးအတိုင်း Baekhyun နိုးလာသည်။ နိုးနိုးချင်း မြင်လိုက်ရတာက သူ့ကို နွေးနွေးထွေးထွေး ထွေးပွေ့လို့ထားတဲ့ ရင်ခွင်တစ်ခု ....

ခေါင်းလေး ဖြည်းဖြည်းချင်း မော့ကြည့်မိတဲ့အခါ အိပ်မောကျနေဆဲဖြစ်တဲ့ သူ့ရဲ့ အိမ်ဦးနတ်သခင်ကို တွေ့ရသည်။

မနေ့ညက မင်္ဂလာဦးည ဖြစ်ခဲ့သည်။ ညင်ညင်သာသာ နမ်းရှိုက်ပြီး အညင်သာဆုံးသာ ပြမူခဲ့သည်။ အချိန်တစ်ခုကြာသည်အထိ သူ ကျွန်တော့်အား ထွေးပွေ့ခဲ့သည်။

ညက ပုံရိပ်တစ်ချို့ ပြန်မြင်ယောင်လာရသည်မို့ ရှက်စိတ်က အောက်နှုတ်ခမ်းကို ဖိကိုက်မိစေသည်။ ခုန်နေတဲ့ ဝဲဘက်ရင်အုံကိုလည်း သတိထားမိသည်။ နိမ့်ချည်မြင့်ချည် ဖြစ်လာတဲ့ ရင်ဘတ်တစ်စုံကြောင့် သူ နိုးသွားမှာ စိုးရိမ်ကာ သူ၏ ထွေးပွေ့မှုကြားက အသာလေး ရုန်းထွက်လိုက်သည်။

သို့သော် ....

ဖြည်းဖြည်းချင်း လှုပ်ရှားလာတဲ့ ခန္ဓာကိုယ်ကြောင့် ဆက်မလှုပ်ရဲတော့ပဲ သူ့မျက်နှာ ဖူးဖူးကိုသာ အကြောင်းမဲ့ ငေးနေဖြစ်သည်။ ထိုအခါ ဖြည်းဖြည်းချင်းစီ ပွင့်အံလာတဲ့ မျက်ဝန်းတစ်စုံ 

" နိုးနေပြီလား hyun ? "

" Chan ..... "

မေးပြီး ပြန်မှိတ်ကျသွားတဲ့ မျက်လုံးတို့ကြောင့် မရဲတရဲ ခေါ်မိသည်။

LØVE YØUWhere stories live. Discover now