LØVE YØU (Part-9)

9.5K 1.2K 30
                                    

LØVE YØU

Part-9

မနက်စောစော နိုးနေကာ ရေချိုးဝတ်အဖြူတစ်ထည်ဖြင့် ကော်ဖီသောက်နေသော Park အရှင်သခင်။ မှန်က လိုက်ကာစကို ဖယ်လိုက်တဲ့အခါ မြင်နေရတဲ့ မြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ရာ အတိ။ ဒီမှာ ၇ နာရီထိုးပြီဖြစ်တာကြောင့် ကိုရီးယားတွင် ၁၀ နာရီ ခွဲပြီဖြစ်သည်။ ( နိုင်ငံမလိုအပ်တာကြောင့် မ​ဖော်ပြတော့ပါ)

လက်ထဲက ဖုန်းကို ကိုင်ကာ ကိုရီးယား ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။ အိမ်က သခင်လေး နိုးကောင်းပါရဲ့...

သုံးခါလောက် ဖုန်းဝင်ပြီးသံ ကြားပြီးတဲ့နောက် တစ်ဖက်က ဖုန်းကိုင်လိုက်ပြီဖြစ်သည်။ အသံလေးကြားရုံနဲ့ ဝဲဘတ်ရင်အုံက မသိမသာ လှုပ်ခါ၏။

" ဟယ်လို "

" အင်း... hyun "

သူ စိတ်ကောက်နေကြောင်း သိထားတာမို့ ပြန်ချော့ရမည်ဆိုတာတော့ သိထားပါသည်။ သို့သော် ဘာပြော၍ ချော့ရမည်နည်း။

ထိုအခါ တစ်ဖက်က hyun က.... 

" ပြောလေ Chan "

" hyun နေကောင်းတယ်နော် "

" ဟုတ်....  Chan ရော "

" ကိုယ်လည်း နေကောင်းပါတယ် "

ပြီးရင်ရော ? ပြီးရင်ရော ဘာဆက်ပြောရမှာလဲ ?
စိတ်ကောက်နေတာလားလို့ မေးရမည်လား ? လွမ်းနေတာလို့ ဝန်ခံရမည်လား ?

" အခု ဘာလုပ်နေတာလဲဟင် Chan...  ဘာလို့ ကျွန်တော့်ကို မဆက်သွယ်တာလဲ ? "

အမှန်တကယ် သိချင်နေသည့် မေးခွန်းကို ကျွန်တော် ထုတ်မေးမိသည်။ Chan ဖြေတာ ကြားချင်၏။

" ကိုယ် အလုပ်များနေလို့ပါ hyun...  အခု ရေချိုးပြီးလို့ ကော်ဖီသောက်နေတာ "

" ဟုတ် "

တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ အချိန်ပေါင်းများစွာ စောင့်စားနေခဲ့တဲ့ ဖုန်း call လေး ဖြစ်ပေမယ့် တကယ်တမ်း ဖုန်းဆက်လာတဲ့အခါ ဘာပြောရမည် မသိပါ။ သို့သော် စိတ်ထဲမှာတော့ ပျော်မိသွား၏။

ကျွန်တော် ခင်ဗျားရဲ့ အသံကိုပဲဖြစ်ဖြစ် ကြားချင်နေခဲ့ပုံပဲ Chan.... 

LØVE YØUWhere stories live. Discover now