LØVE YØU
Part-16
မလိုက်ချင် လိုက်ချင် လုပ်နေတဲ့ သူ့ကို လက်မောင်းကနေ ဆွဲကာ အပေါ်ထပ် အခန်းသို့ ခေါ်လာခဲ့သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ နှစ်ယောက်လုံး ဝင်ထိုင်လိုက်ကြ၏။ မျက်နှာချင်း ဆိုင်ထားသော်လည်း သူ အခုထိ ကျွန်တော့်ကို ကြည့်မလာခဲ့ပါ။
" Chan...."
လက်မောင်းကို ကိုင်ကာ ခေါ်လိုက်တော့လည်း ကျွန်တော့်ကို ကြည့်မလာခဲ့ပါ ။ သို့သော်...
" တောင်းပန်ပါတယ် "
" ဟင် "
" ကိုယ် တောင်းပန်ပါတယ် hyun "
" Chan.... "
" ကိုယ်... hyun ကို စိတ်ဆင်းရဲအောင် လုပ်မိရင်.... ကိုယ် တကယ် တောင်းပန်ပါတယ် "
နှာခေါင်းထိပ်လေးတွေ ရဲလာပြီး တောင်းပန်စကားဆိုနေသူသည် အခုထိ မျက်လွှာချထားလျှက်။ ကြာကြာ ထိုင်ကြည့်နေနိုင်စွမ်း မရှိပါ။
ဒါကြောင့် အရှေ့အနည်းငယ် ကိုင်းကာ သူ့ပုခုံးကနေ ဖက်တွယ်မိသည်။ကျွန်တော်တော့ ခင်ဗျားဆီမှာ အများကြီး ကျရှုံးနေပြီ ထင်ပါရဲ့...
" ကျွန်တော်လည်း မသိခဲ့လို့ပါ... Chan ရဲ့ စိတ်ဒဏ်ရာတွေလည်း ကျွန်တော် မသိခဲ့လို့... Chan ရဲ့ အတွေးတွေထဲ နည်းနည်းတောင် ဝင်မကြည့်မိလို့ , Chan ကို စိတ်တိုမိတာပါ "
သူ့လက်တွေ ကျွန်တော့်ခါးကို ပြန်လည် ဖက်တွယ်လာတာ ခံစားမိသည်။ ကျွန်တော့် ပုခုံးထက်၌လည်း သူ့မျက်နှာ ပိုလို့ နစ်ဝင်လာ၏။ ဒါကြောင့် သူ့ နှုတ်ခမ်း ဖူးဖူးသည် ကျွန်တော့် ပုခုံးသားတို့အား လာ ထိ သည်။
" နားလည်ပေးလို့ ကျေးဇူးပါ hyun "
ကြိုးစားမယ်လေ Chan.... ဒီ့ထက်ပိုပြီး နားလည်လာနိုင်ဖို့
ဖက်ထားရာက ဖယ်ခွာပြီး မျက်နှာချင်း ပြန်လည်ဆိုင်လိုက်သည်။ ထို့နောက် မနက်က ကျွန်တော် ထိုးလိုက်တဲ့ သူ့ ရင်ဘတ်က တစ်နေရာကို လက်နဲ့ အသာ ထိကာ...
" နာသွားသေးလား ? "
မေးလိုက်တော့ ခပ်ရေးရေးပြုံးကာ ခေါင်းခါ၏။
