LØVE YØU
Part-20
" ကိုယ် သွားမယ်နော် hyun "
" ဟုတ် "
" driver ကို ပြန်မလွှတ်နဲ့နော်... သူနဲ့ပဲ ပြန် "
" ဟုတ်ကဲ့ပါ "
ကားထဲဝင်ခါနီး တတွတ်တွတ်မှာနေတဲ့ သူ့ကို ကြည့်ပြီး ရင်ခုန်ရပြန်၏။ အရင်ထက်ပိုပြီး နွေးထွေးလာတဲ့ Chan ဟာ ကျွန်တော့်အပေါ် အများကြီး ပြောင်းလဲပေးနေဆဲ ဖြစ်သည်။
နေ့လည်စာ မတိုင်ခင် ကျန်တဲ့ သူတွေက အထဲမှာ အေးအေးဆေးဆေး နားနေကြချိန် ကျွန်တော်က သူ့ကို ကားဆီ လိုက်ပို့နှုတ်ဆက်ခြင်းဖြစ်သည်။ သူ သွားတဲ့အချိန်နှင့် လာဖို့ ခွင့်တောင်းထားတဲ့ media သမား နှစ်ဦး ရောက်ဖို့ အချိန်ရယ် သိပ်မကွာတာကြောင့် တစ်ခါတည်း စောင့်နေဖို့တောင် တွေးထား၏။
သူ့ ကားလေး ထွက်သွားတာကို မျက်စိတစ်ဆုံး ငေးကြည့်နေတဲ့အချိန်....
" baekhyunee "
ခေါ်သံကြားတာကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့ Jongjae.... ကျွန်တော့်နားသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ
" ငါ မင်းနဲ့ စကားနည်းနည်း ပြောချင်တယ် "
" အင်း.... ပြောလေ "
" ဒီမှာပဲ ပြောရမှာလား "
" ခဏတော့စောင့်... media သမားတွေ လာဖို့ ပြောထားလို့ "
" အော်... အေး , ဒါဆို ငါ အဆောင်အနောက်ဘက်က ပန်းခြံလေးမှာ စောင့်နေမယ် "
" အေး အေး "
သိပ်မကြာလိုက်သောအချိန်မှာပင် ရောက်လာတဲ့ media သမားတွေကို အထဲမှာ သေချာ ဧည့်ခံခိုင်းထားပြီးမှ ကျွန်တော် jongjae ရှိရာဆီ ထွက်လာခဲ့သည်။
သို့သော် ပန်းခြံလေးထဲမှာ ရှိနေတာ မဟုတ်ပဲ ခပ်ဝေးဝေးက အပင်ခပ်အုပ်အုပ်ရဲ့ အောက်တွင် မတ်တပ်ရပ်နေ၏။ ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်ထည့်ကာ ခြေထောက်တစ်ချောင်းကို ရှေ့နောက် လွှဲပြီး စောင့်နေသည့် jongjae သည် အရင်က အကျင့် အတိုင်းပဲဖြစ်သည်။" ငါ ရောက်ပြီ "
သူ့အနောက်ကနေ အသံပြုလိုက်တော့ သူက လှည့်ကြည့်လာ၏။ ထို့နောက် ကျွန်တော့်ကို ပြုံးပြလာသည်။