LØVE YØU
Part-12
ခန်းနားလွန်းတဲ့ Hotel တစ်ခု၌ ဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြီးအကဲများအတွက် seoul မြို့၏ ဝန်ကြီးချုပ်ကိုယ်တိုင် ပြုလုပ်ပေးသော အခမ်းအနားဖြစ်သည်။ ထို ပွဲကို Lotte လုပ်ငန်းစုအနေဖြင့် Park အိမ်တော်က သခင်ကြီးကိုယ်တိုင် အမျိုးသားနှင့်အတူ တက်ရောက်မည်ဖြစ်သည်။
ချမ်းသာတဲ့ အသိုင်းအဝိုင်းအတွက် ယခုလို ပွဲမျိုးသည် ချမ်းသာမှုကိုယ်စီ ချပြချင်တဲ့ ပွဲတစ်ပွဲသာ ဖြစ်၏။
Hotel ပရဝုဏ်အတွင်း၌ ကားရပ်လိုက်တဲ့အခါ ကားတံခါးလာဖွင့်ပေးတဲ့ ဟိုတယ်ဝန်ထမ်းသည် တံခါးဖွင့်ပေးလျှက် ကားထဲက ဆင်းလာမည့် သူကို စောင့်နေ၏။
အရင်ဦးဆုံး ဆင်းလာသူသည် တောင်ကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံး လုပ်ငန်းစုတွေထဲက တစ်ခုအပါအဝင်ဖြစ်သည့် Lotte လုပ်ငန်းစု ပိုင်ရှင်ဖြစ်သည်။ အနက်ရောင် suit ကို ကြက်သွေးရောင် necktie နှင့် တွဲဖက်ဝတ်ဆင်ထားကာ အဆုံးအစ မရှိသော ခံ့ညားမှုတို့ဖြင့်။
ထိုသူသည် ကားထဲကို အနည်းငယ် ငုံ့ကြည့်နေပြီး ကားထဲက ဆင်းလာမည့် နောက်ထပ်တစ်ဦးကို စောင့်နေ၏။ ထိုအချိန် သူ တရားဝင် လက်ထပ်ထားတဲ့ သူ၏ အမျိုးသားဖြစ်သူ ကောင်ငယ်လေးတစ်ယောက် ဆင်းလာသည်။
ဆင်တူဝတ်စုံဖြစ်နေပေမယ့် တစ်ဦးက ခံညားသလို တစ်ဦးက လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းနေ၏။
" သွားမယ် hyun "
" ဟုတ် "
စကားများထားသော်လည်း ရေချိုးရင်း ပြန်လည်သင့်မြတ်သွားတာကြောင့် Chan ဖြန့်ပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်တဲ့ baekhyun.... အစိမ်းသက်သက် ဖြစ်နေတဲ့ နေရာအတွက် အနေရခက်စေမှုသည် သူ့ရဲ့ လက်ဖဝါးကြောင့် အနည်းငယ် လျော့ကျသွားသည်ဟု ထင်ရသည်။
ခင်ဗျားက ကျွန်တော့်အတွက်တော့ ကျွန်တော့်ကိုယ်မှာ ကိန်းအောင်းနေတဲ့ သတ္တိတစ်ချို့လည်း ဖြစ်တယ်။
ခန်းမထဲ ရောက်တာနဲ့ကို မျက်လုံးကြိမ်းရလောက်သည်အထိ တောက်ပနေကြသူ တစ်ချို့။ ဝိုင်ခွက်လေးတွေ ကိုယ်စီကိုင်ကာ ဟိုတစ်ခု ဒီတစ်စု စကားပြောနေကြ၏။ အားလုံး သူ့အာရုံနှင့်သူ ရှိနေကြပေမယ့် ကျွန်တော့်လက်ကို ဆုပ်ကိုင်ကာ ခန်းမထဲ ဝင်လာတဲ့ Chan ကို တွေ့သော် အားလုံး၏ အကြည့်တို့သည် ကျွန်တော်တို့ဆီမှာ။
