LØVE YØU
Part-11
Park အိမ်တော်ရဲ့ အရှင်သခင်သည် ကုတင်ပေါ်မှာ လှဲနေတဲ့ သူ၏ ကလေးငယ်ကို ရေပတ်ဝတ်နှင့် သန့်စင်ပေးနေ၏။ အိမ်အကူတစ်ယောက်သည်လည်း ဘေးမှာ ရေဇလုံကိုင်ထားရကာ မျက်လွှာချလျက် ခစားနေရသည်။ မနက်စား စားပြီးချိန်၌ အဖျားပြန်တက်လာတဲ့ သခင်လေးကို အရှင်သခင် ကိုယ်တိုင် ပြုစုနေသည်။
" Chan..... ဒါ မချွတ်နဲ့လေ ! "
ငိုမဲ့မဲ့ အသံလေး ထွက်လာတာကြောင့် အင်္ကျီချွတ်ဖို့ ပြင်နေတဲ့ Chan လက်တွေက လျော့သွားသည်။ လည်ပင်းရယ် လက်ချောင်းလေးတွေရယ်ကအစ ရေပတ်တိုက်ပေးနေပြီး ထိုမှတဆင့် အင်္ကျီကြယ်သီး ဖြုတ်နေပြီမို့ မှိန်းနေရတဲ့ကြားက Baekhyun တားရတော့သည်။
အိမ်အကူရှိနေတယ်မဟုတ်ပါလား !
ထိုအခါ Chan က လက်ထဲက အဝတ်ကို ရေဇလုံထဲ ပြန်ထည့်လိုက်ကာ....
" သွားလို့ရပြီ "
" ဟုတ်ကဲ့ပါ "
အနောက်ကို နှစ်လမ်းဆုတ်ပြီးမှ ပြန်လှည့်ထွက်သွားတဲ့ အိမ်အကူသည် ခြေသံကို မကြားရပါ။ နေတာ ကြာလာတာနဲ့အမျှ Baekhyun သတိထားမိတာ တစ်ခုသည် ဤအိမ်၌ Chan ရှိနေပါလျှင် အပ်ကျသံကိုပင် မကြားရခြင်းဖြစ်သည်။
" Chan...."
" ပြောလေ hyun "
သူ လှဲနေတဲ့ ဘေးမှာ ထိုင်နေသည့် Chan သည် shirt အင်္ကျီ လက်နှစ်ဖက်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားကာ ရင်ဘတ်တွင်လည်း ကြယ်သီးနှစ်လုံး ဖြုတ်ထား၏။ ဆံပင်ကို နဖူးအထက်၌ သေသပ်စွာ လှန်တင်ထားကာ ခံ့ညားမှုသည် တခြားမရှိ။
" ပင်ပန်းနေတယ်မဟုတ်လား... ကျွန်တော် သက်သာနေပါပြီ "
" ကိုယ် အင်္ကျီလဲပြီးရင် ပြန်လာခဲ့မယ်... ဆေးသောက်ထားတာဆိုတော့ အိပ်လိုက်နော် "
" ဟုတ် "
မျက်စိမှိတ်ပြီး ပြန်မှေးနေရင်း အချိန်တစ်ခု ကြာတဲ့အခါ တံခါးပိတ်သံ ကြားလိုက်ရ၏။ မျက်လုံးဖွင့်ကြည့်လိုက်တော့ Chan က အိမ်နေရင်း T-shirt နှင့် ဘောင်းဘီ ခပ်ပွပွ တစ်ထည် လဲလာသည်။ ထို့နောက် ကျွန်တော်ရှိရာဆီ လျှောက်လာကာ ကုတင်ပေါ် တက်ခဲ့သည်။