LØVE YØU
Part-22
" မင်း ဘာဆက်လုပ်မှာလဲ Chanyeol "
မှန်ချပ်ကနေ အပြင်ကို လှမ်းငေးကာ ငြိမ်သက်စွာ ရပ်နေတဲ့ Chanyeol သည် Kai စ လာတည်းက ယခုလို ကျောပေးထားခြင်းဖြစ်သည်။ Baekhyun ဘက်က ရပ်တည်ပေးပြီး Chanyeol ကို အတိုက်အခံ လုပ်နေရတာဟာလည်း Kai အတွက် လွယ်ကူလှသည် မဟုတ်ပါ။
" မင်း ဘာကို အထင်လွဲနေလဲ ငါ သိတယ်.... မင်းကို သဘောကျတယ်လို့ ဝန်ခံထားပြီးမှ သူ အခုလို လုပ်တာကို မင်း ခွင့်မလွှတ်နိုင်တာ , ငါ ပြောတာ ဟုတ်တယ်မလား "
ဘာဆို ဘာမှ မတုန့်ပြန်ပါ။
အထက်တန်းအရွယ် မိဘနှစ်ပါးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရသည့်အချိန်တုန်းကလိုပဲ Chanyeol ပြုမူနေပြန်သည်။ စကားတစ်ခွန်းတောင် ပြောမလာပါ....." စိတ်လျှော့ Chanyeol ရာ.... မင်းလည်း ပင်ပန်းနေမှာပဲကို "
ခုံမှာ ထိုင်နေရာက အားမရတော့စွာဖြင့် Kai သူ့ အနားသို့ လျှောက်သွားလိုက်၏။ စိတ်မရှည်ချင်တော့ပါ ။
" သူက ပြောခိုင်းလိုက်တယ် , သူ မိဘအိမ်မှာ ပြန်နေပေးပါ့မယ်တဲ့ ! မင်း အိမ်ပြန်လာလို့ ရပါပြီတဲ့.... မင်းမရှိတဲ့ မင်းအိမ်မှာ သူလည်း ဘယ်လိုနေရမလဲ Chanyeol ရယ် "
" မင်း ပြန်ပေးလို့ရမလား , ငါ နောက်မှ ဆက်သွယ်လိုက်ပါ့မယ် "
ဒါသည် ဒီနေ့အတွက် ပထမဆုံး ပြောလာတဲ့ စကား။
သို့သော် ဒီစကားဟာ ဒီနေ့မှ ပြောခြင်းမဟုတ်ပါ။
baekhyun ဘက်က ရှေ့နေလိုက်ပေးတာ များလာရင် သူ Kai ကိုပါ နှင်တတ်၏။" မင်းအတွက် ပြောတာပါ.... နောက်မှ နောင်တရနေမှာ စိုးလို့ , ကဲ....ငါ သွားမယ်နော် , အလုပ်တွေလည်း အရမ်း ပစ်မထားနဲ့ဦး "
Chanyeol ပုခုံးကို အားနဲ့ တစ်ချက် ညှစ်လိုက်တဲ့ Kai သည် စိတ်လျှော့လိုက်ပုံ ရ၏။ သူ့ကြည့်တော့လည်း မျောက်မှိုင် မှိုင်နေပြီးတော့ အတင်း စိတ်မာချင်ယောင်ဆောင်နေတာ ! နောက်မှ ကျေးဇူးတင်တယ်ဆိုလို့ကတော့လား !
Kai ပြန်ထွက်သွားတဲ့ အချိန် တော်တော်လေး ကြာသည်အထိ Chanyeol ဟာ ဒီပုံစံအတိုင်းသာ.... စိတ်ထဲက အကြောင်းအရာတစ်ချို့ကို အလွယ်တကူ မချပြတတ်တဲ့ သူတွေဟာ ယခုလို အခြေအနေမျိုး ကြုံလာရတဲ့အခါ ဖြေဆည်ရာမရှိ ဖြစ်တတ်ကြ၏။